26 C
Yangon

ဖယ်ခုံရှိ စစ်ရှောင် ပြည်သူများ နေထိုင်သည့် လအိရွာကို စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ်၊ အသက် ၈ နှစ် အရွယ် ကလေးငယ် ၁ ဦးအပါဝင် ၄ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၀

ကယားပြည်နယ်၊ ဖယ်ခုံမြို့နယ်ရှိ စစ်ရှောင်ပြည်သူများ နေထိုင်သည့် လအိရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၉ ရက်နေ့ ည ၉ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က စစ်ဘေးရှောင် ပြည်သူများနေထိုင်သည့် လအိရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မနေ့က ည ၉ နာရီက စကစက လက်နက်ကြီးနဲ့ ပစ်တာ စုစုပေါင်း ၄ ဦး ထိခိုက်ဒဏ်ရာရတယ်။ လအိ ဆိုတာက စစ်ရှောင်တွေနေတဲ့ရွာပေါ့။ အကြောင်း မဲ့ ပစ်တာပေါ့။ ပထမ တစ်အိမ်ကတော့ လူမနေတဲ့အတွက် အိမ်ပဲပျက်စီးသွားတာပေါ့။ ဒုတိယ တစ်အိမ်က လူနေတော့ လူကြီး သုံးဦးရယ် ကလေး တစ် ဦးရယ် ထိခိုက်သွားတဲ့ အခြေအနေပါ။ ဒဏ်ရာ အခြေအနေ စိုးရိမ်ရတဲ့ ၅၆ နှစ်အရွယ် ဦးလေးကတော့ ဗိုက်ပွင့်သွားတယ်လို့ ပြောတယ် စိုးရိမ်ရတဲ့ အနေ အထားမှာ ရှိနေတယ်” ဟု ဖယ်ခုံမြို့နယ် – ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်သူများမှာ အသက် ၈၁ နှစ်အရွယ် ဒေါ်မူထန့်၊ အသက် ၄၄ နှစ်အရွယ် ဒေါ်မူမားသ၊ အသက် ၅၆ နှစ်အရွယ် ဦးကိုင် (စိုးရိမ်ရ)နှင့် အသက် ၈ နှစ်အရွယ် ကလေးတစ်ဦး တို့ ဖြစ်ကြောင်း သိရသည်။

Photo By Union of Karenni State Youth။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article