26 C
Yangon

ရန်ကုန်မြစ်အတွင်း ဆီတင်သင်္ဘောတစ်စီး ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်နေ၊ စစ်တပ်အတွက် ဆီသယ်လာသည့်သင်္ဘောဟု သတင်း ထွက်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၀

ရန်ကုန်တိုင်း၊ ရန်ကုန်မြစ်အတွင်း ဆီတင်သင်္ဘောတစ်စီး ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်နေသဖြင့် ငြိမ်းသတ်နေကြောင်း မီးသတ်တပ်ဖွဲ့နှင့် ရန်ကုန်မြို့ခံများထံမှ သိရှိရသည်

နိုဝင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်အချိန် ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ လင်းစဒေါင်းတံတားအနီး၊ ရန်ကုန်မြစ်အတွင်း သင်္ဘော ၁ စီး မီးလောင်မှုဖြစ်ပွား၍ မီးငြိမ်းသတ်နေဆဲဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့၏ အဆိုအရ သိရှိရသည်။

“သံလျက်စွန်းဘက်မှာ ​ရေတပ်အတွက် ဆီတင်လာတဲ့သင်္ဘော မီး​လောင်တာလို့ကြားတယ်။ သေချာတော့မသိဘူး။ ဒီဘက်မှာ အဲဒီလိုပြောနေကြတာ” ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင် သတင်းရင်းမြစ်က ပြောသည်။

ဒေသခံတစ်ဦးကမူ ရန်ကုန်မြစ်အတွင်း ဆီတင်သင်္ဘောသည် ပေါက်ကွဲမှု များဖြစ်ပွားပြီးမှ မီးထလောင်ခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲသံကြောင့် ရန်ကုန်မြို့ရှိ တိုက်တာများ ပြတင်းပေါက်မှန်များ တုန်ခါသွားကြောင်း သိရှိရသည်။

“ပေါက်ကွဲသံကြောင့် ပြတင်းမှန်တွေ တုန်ခါသွားတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article