26 C
Yangon

ပုဏ္ဏားကျွန်းတွင် စစ်ကောင်စီတပ်မှ ရိက္ခာပို့ ကား ၃ စီး မိုင်းဆွဲခံရပြီးနောက် ဆင်အင်းကြီးကျေးရွာကို စစ်တပ်က မီးရှို့နေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၀

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာအနီးတွင် စစ်ကောင်စီတပ်မှ ရိက္ခာပို့ ကား ၃ စီးကို AA က မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ယနေ့ ညနေပိုင်းတွင် ဆင်အင်းကြီးကျေးရွာကို စစ်တပ်က မီးရှို့နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၆ နာရီအချိန်ပုဏ္ဏားကျွန်းမြို့နယ်သို့ ရိက္ခာလာပို့သည့် စစ်ကောင်စီကား ၃ စီးကို မိုင်းဆွဲခံရပြီးနောက် ယနေ့ ညနေပိုင်းတွင် ရွာကို စစ်တပ်က မီးဝင်ရှို့နေခြင်းဖြစ်ကြောင်း၊ ဆင်အင်းကြီးကျေးရွာတွင် အိမ်ခြေ ၁၀၀ ကျော်ရှိကြောင်း၊ ဒေသခံများမှာ ကျေးရွာဘုန်းကြီးကျောင်းတွင် စုပြုံနေထိုင်ကြကြောင်း သိရှိရသည်။

“မနက်က ရက္ခိုင့်တပ်က အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့နေရာက ဆင်အင်းကြီးကျေးရွာကို အကြမ်း ဖက်စစ်တပ်မှ မီးရှို့နေတယ်။ ကျေးရွာသားကျေးရွာသူတွေကို ဘုန်းကြီးကျောင်းမှာ စုထားတယ်။ ဖမ်းဆီးခံရလား အခြေအနေ ဘယ်လိုရှိလဲဆိုတာ အတိအကျမှန်းရခက်ပါတယ်။ မီးရှို့နေတာ က တစ်ရာ ရာခိုင်နှုန်းသေချာပါတယ်။ ဆင်အင်းကြီးကျေးရွာမှာ အိမ်ခြေ တစ် ရာကျော် ရှိပါတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်၀မြို့တို့တွင် ရခိုင်တပ်တော်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ပွားမှု ပြင်းထန်လာနေကြောင်း ဒေသခံပြည်သူများနှင့် စစ်ရေးသတင်းရပ်ကွက်များထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article