25 C
Yangon

တောင်ငူ၊ မြာကျေးရွာကို မီးရှို့ပြီး စိန်ခေါ်သည့် စစ်တပ်ကို မဟာမိတ် PDF တပ်များက တိုက်ခိုက်မှု စစ်သား ၇ ဦးသေပြီး ၉ ဦးဒဏ်ရာရကာ ဖရိုဖရဲ ထွက်ပြေး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၀

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ မြာကျေးရွာကို ပစ်ခတ် ၀င်ရောက်စီးနင်းသည့် စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်များက တိုက်ခိုက်သဖြင့် စစ်သား ၇ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရှိကြောင်း PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပဲခူးတိုင်း၊တောင်ငူခရိုင် တောင်ငူမြို့နယ် မြာရွာကို နိုဝင်ဘာ ၅ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ လက်အောက် ခံ ခလရ ၂၆၊ သံချပ်ကာတပ်ရင်း ၊အမြောက်တပ်တို့ စစ်ကြောင်းထိုးလာပြီး ရွာကို မီးရှို့ကြောင်း၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် မျာကျေးရွာမှ ပြန်လည်ထွက်ခွာစဉ် PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်က မြာကျေးရွာမှ မထွက်ခွာခင် “ခွေးမသား ၁၀ နှစ်ကြိုးစားအုံး” ဟု PDF ကို စိန်ခေါ်သည့် စာရေးထားခဲ့ပြီး ရွာမှ ပြန်လည်ထွက်ခွာစဉ် PDF တပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ၇ ဦးသေကာ ဒဏ်ရာရသူ ၉ ဦ်း ရှိကြောင်း သိရှိရသည်။

နိုဝင်ဘာ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ စစ်တပ်နှင့် PDF တပ်များ ထိတွေ့ တိုက်ပွဲ လေးကြိမ်ဖြစ်ပွားခဲ့ပြီး ကျေးရွာကာကွယ်ရေး ပကဖနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDFတပ်ရင်း(၃၅၀၁) တပ်ခွဲ ၃ တပ်စု (၂) စနိုက်ပါဦးဆောင်သောအဖွဲ့နှင့် တပ်စု(၁) ကျားဆိုးဦးဆောင်သော အဖွဲ့၊ (၃၅၀၁)တပ်ခွဲ( ၁)မှ ဧကကြီး ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့က စစ်တပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မြာရွာမှာ မီးရှို့ပြီးတော့ ပြန်အထွက်မှာ စစ်တပ်ကို ကျနော်တို့ PDF တွေက လိုက်တိုက်တာပါ။ စစ်တပ်က အိမ်နှစ်လုံး တိုက် တစ်လုံးကို မီးရှို့ခဲ့တယ်။ PDF ကိုစိန်ခေါ်တဲ့စာကို မျာရွာ စာသင်ကျောင်းက ခုံမှာ ရေးခဲ့တယ် ”ဟု ပြည်သူ့ ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ MA.3 ကျည်ဘောက်နှင့် ၅.၅၆ ကျည် ၂၇ တောင့်၊ ဓား၊ ဦးထုပ်နှင့် မျာရွာတွင် အိမ်မီးရှို့ပြီး လုယက်ခိုးယူသွားသော အိမ်သုံးပစ္စည်းများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြန်လည် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article