30 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၂ ရက် ပိုင်း ညနေရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၂ ရက် ပိုင်း ညနေရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲစခန်း နဲ့ တံတားဂိတ်ကို ဒီကနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းက တိုက်ခိုက်မှု ဖြစ်စဉ်ရဲ့ နောက်ဆက်တွဲအနေနဲ့ စစ်ကောင်စီဘက်က ဒုရဲမှူး လှကျော်ဦး နဲ့ ရဲတပ်သား ၂ ဦးဟာ တိုက်ခိုက်မှုအတွင်း သေသွားပြီး ၊ ရဲ ၄ ဦး ကို အရှင်ဖမ်းမိထား တယ်လို့ ရန်ကုန်ခေတ်သစ်ရဲ့ သတင်းရင်း မြစ်တွေဆီကနေ သိရပါတယ်။ – မကွေးတိုင်း၊ ပေါက်မြို့နယ် တရားရုံးကို နိုဝင်ဘာလ ၉ ရက်နေ့က အချုပ်သားတွေ ရုံးထုတ်လာ တဲ့အချိန် လုံခြုံရေးလိုက်ပါလာတဲ့ စစ်ကောင်စီဘက်က ရဲတပ်ဖွဲ့ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက် ရာမှာ ရဲ ၁ ဦးသေသွားတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ – စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ ၊ ချမ်းသာကြီး – ဘုရားတောင်ဘက် မြန်မာ့စီးပွားရေးဘဏ် အရှေ့မှာ လုံခြုံ ရေးယူနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒီကနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ နေ့လယ်ပိုင်းမှာ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေသွားတဲ့ အပြင် ၃ ဦးထက် မနည်း ထိခိုက်ဒဏ်ရာရသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article