35 C
Yangon

ရွှေကျင်နှင့်ကျောက်ကြီး အကြားရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို KNLA နှင့် PDF ပူးပေါင်းတပ်က တပြိုင်နက်တည်း တိုက်ခိုက် သိမ်းပိုက်၊ စစ်တပ်ဘက်မှ အများအပြား သေဆုံးပြီး လက်နက်နှင့်ခဲယမ်း အမြောက်အမြား သိမ်း ဆည်းရမိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၂

ပဲခူးတိုင်း၊ ရွှေကျင်နှင့်ကျောက်ကြီးမြို့နယ်အကြား မင်းလမ်း တစ်လျှောက်ရှိ စစ်ကောင်စီတပ်၏ သံဆိပ်၊ ဘောကထာ၊ တုံးတံတားစခန်းတို့ကို KNLA နှင့် PDF တပ်များက ယနေ့ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီဘက်မှ အများအပြားသေဆုံးကာ လက်နက်နှင့်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်များထံမှ သိရှိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၄ နာရီအချိန် ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်အကြား၊ မင်းလမ်း တစ် လျှောက်ရှိ စစ်ကောင်စီတပ်၏ သံဆိပ်၊ တုံးတံတား၊ ဘောကထာ စခန်း ၃ ခုကို တစ်ပြိုက်နက်တည်း KNLA နှင့် PDF တပ်များက တိုက်ခိုက်ခဲ့ကြောင်း ၊ စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများပြားပြီး စစ်ရဟတ်ယာများဖြင့် အကြိမ်ကြိမ် လာရောက်ပစ်ခတ်တိုက်ကြောင်း၊ လက်နက်နှင့်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်များက ဆိုသည်။

“ရွှေကျင်မြို့နယ်ထဲမှာရှိတဲ့ ရွှေကျင်-ကျောက်ကြီးဆက်သွယ်တားတဲ့ မင်းလမ်းပေါ်မှာ အထိုင်စခန်းချထားတဲ့ ဘောကထာစခန်း၊ တုံးတံတားစခန်း ၊သံဆိပ်စခန်းတို့ ဟာ မနက်လေးနာရီဝန်းကျင်မှာ တပြိုင်နက်တိုက်ခိုက်ခံရပြီး လက်ရှိမှာတော့ ဘောကထာစခန်း တုံးတံတားစခန်းတို့ ကို ပူးပေါင်းတပ်တွေကရရှိထားပြီးတော့ သံဆိပ်စခန်းကိုတော့ညနေပိုင်းမှာရတယ်။ စစ်တပ်ဘက်က ရဟတ်ယာဥ်တစ်စီး တိုက်လေယာဥ်တစ်စီးပစ်ကူပေးတိုက်ခိုက်နေပါတယ်။
သံဆိပ်တိုက်ပွဲမှာ စစ်တပ်ရဲ့ ရဟတ်ယာဥ်ကို ပစ်တာ ထိသွားတယ်ပြောတယ်။ ဘောကထားစခန်းသိမ်းပွဲမှာ စစ်သား ၅ ဦးသေတယ်။ ကျန်စခန်းတွေမှာလည်း သေတယ်။ လက်နက်တွေ အများကြီးပဲ ရထားပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် မြေပြင်အခြေအနေတွင်လည်း စစ်တပ်ဘက်က ကုန်းကြောင်းဖြင့် စစ်အင်အား ဖြည့်တင်းနေပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိနေကြောင်း၊ စစ်ဘေးရှောင် ပြည်သူအများအပြားမှာလည်း ကျည်လွတ်ရာ နေရာများသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- KNLA တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article