21 C
Yangon

အကြမ်းဖက် စစ်ကောင်စီ ပြုလုပ်မည့် ၂၀၂၃ ရွေးကောက်ပွဲကို ပြည်သူအားလုံး သပိတ်မှောက်ကြရန် နှိုးဆော် ဆန္ဒပြ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၄

အကြမ်းဖက် စစ်ကောင်စီ ပြုလုပ်မည့် ၂၀၂၃ ရွေးကောက်ပွဲကို ပြည်သူအားလုံး သပိတ်မှောက်ကြရန် တော်လှန်လူငယ်များက နှိုးဆော် ဆန္ဒပြခဲ့ကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားမှုကို လူငယ်များက “စကစ၏ ၂၀၂၃ ရွေးကောက်ပွဲအား သပိတ်မှောက်ကြ “၊ ” Boycott 2023 Election of SAC ” စာတန်းများ ကိုင်ဆောင်ကာ ရွေးကောက်ပွဲအား လက်မခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” စကစသည် နိုင်ငံရေးအရ ထွက်ပေါက်ရှာရန်နဲ့ နိုင်ငံတကာနဲ့ အာဆီယံအား ရွေးကောက်ပွဲဖြင့် အချိုသတ်ရန် ကြိုးစားနေပါတယ်။ စစ်တပ် ကြိုးစွဲရာကမည့် နိုင်ငံရေးဖြစ်လာအောင် လုပ်နေတာမို့ နိုင်ငံရေးပါတီများမှလည်း စစ်တပ်မပါသော နိုင်ငံရေး ဖြစ်စေရန် ငြိမ်မခံဘဲ ဆန့်ကျင်ကြရန် တိုက်တွန်းလိုပါတယ်။ မြန်မာနိုင်ငံအနှံ့တွင် ကျရာ တော်လှန်ရေးတာဝန်ထမ်းဆောင်နေသော CDMများသည် အခြားပြည်သူများနှင့်တန်းတူ ယနေ့တိုင် တော်လှန်နေဆဲဖြစ်ကြောင်း ပြည်သူများအား အသိပေးလိုပါတယ်။ ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ထွက်ပေါက်မှန်သမျှ ရရာနည်းဖြင့် ပိတ်ဆို့ပြီး မြန်မာ့မြေပေါ်ကနေ အကြမ်းဖက် စစ်တပ် ပပျောက်အောင် လုပ်ဆောင်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု လှုပ်ရှားမှုတွင် ပါဝင်သည့် လူငယ်တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article