29.6 C
Yangon

မင်းကင်းနှင့် ရေးမြို့နယ်တို့တွင် စစ်တပ်ကင်းစခန်းနှင့်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၄ ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံး

Must read

ရန်ကုန်၊ မေ ၉

စစ်ကိုင်းတိုင်း မင်းကင်းမြို့ ချောင်းဆုံတွင် အခြေပြုနေသော အကြမ်းဖက် စစ်တပ်ကင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း Student’s Revolutionary Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောဆိုသည်။

မေလ ၈ ရက်နေ့ မွန်းလွဲ ၁နာရီ ၃၀မိနစ်ခန့်တွင် မင်းကင်းမြို့ ချောင်းဆုံတွင် အခြေပြုနေသော အကြမ်းဖက် စစ်တပ်ကင်းကို ကျောင်း သားတော်လှန် ရေးတပ်တော်၊ အမှတ် ၅၁၈ တပ်ရင်းမှ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အပြန်အလှန် မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ကာ၊ အကြမ်းဖက် စစ်တပ်ဘက်မှာ စစ်သား ၁ ဦးသေဆုံးကာ၊ ၁ ဦးထိခိုက်ဒဏ်ရာရရှိပြီး၊ တော်လှန်ရေး ရဲ ဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

” မင်းကင်းမြို့၊ ချောင်းဆုံမှာ အခြေပြုတပ်စွဲထားတဲ့ ရန်သူ့ကင်းကို မိမိတို့ SRF အမှတ် ၅၁၈ တပ်ရင်းက ဝင်ရောက်တိုက်ခိုက်တာပါ။ စစ်ခွေး ၁ ကောင် သေဆုံးတယ်။ စစ်ခွေး ၁ကောင် ထိခိုက်ဒဏ်ရာရတယ်။ ကျွန်တော် ရဲဘော်တွေ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ပါတယ် “ဟု Student’s Revolutionary Force အဖွဲ့မှ တာ ဝန်ရှိသူက ပြောဆိုသည်။

အလားတူ မွန်ပြည်နယ်၊ ရေးမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၈ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အင်အား ၃၀၀ ကျော်ပါသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေးမြို့နယ်၊ နှစ်ကရင်ရွာကို စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေးတပ်ဖွဲ့များနှင့် လိ‌မ္မော်ခြံနှင့် နှစ်ကရင်လမ်းဆုံ အကြား ထိပ်တိုက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် တပင်ရွှေထီးကိုကျိုက်ပြည်သူကာကွယ်ရေးတပ်မှ ရဲဘော်ထက်ကို လည်း တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး စစ်ကြောင်းထိုးလာတော့ ထိပ်တိုက်တွေ့ပြီး ထိတွေ့မှုဖြစ်တာပါ။ စိတ်တော့မကောင်းဘူး။ ကိုယ်ဘက်က ရဲဘော်တစ်ယောက်ကျတယ်ဆိုတော့ မတန်ဘူး။ စစ်ခွေး ၃ ကောင်လည်း တိုက်ပွဲအတွင်း သေဆုံးပါတယ်” ဟု တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ ၆၊ တပ်ရင်း ၂၇ ၊ တပ်ခွဲ ၁ နှင့် တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာ ကွယ်ရေးတပ် ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article