26 C
Yangon

သထုံမြို့နယ်၊ ထုံးဘိုလေးရွာ စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်သောကြောင့် နေအိမ် ၆ လုံး ထိမှန် ပျက်စီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၄

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ထုံးဘိုလေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ပြီး နေအိမ် ၆ လုံး ပျက်စီး ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ည ၈ နာရီ ၄၂ မိနစ်တွင် အကြမ်းဖက် စစ်တပ် ခမရ အမှတ် ၉ (ဝီယော်) စခန်းနှင့် လေ့ကျင့်ရေး ၉ (အလံတစ်ရာ) စခန်းတို့မှ ထုံးဘိုလေးရွာကို အကြောင်းမဲ့ လက်နက်ကြီး ၈ လုံး ပစ်ခတ်ခဲ့ပြီး လူနေအိမ် ၆ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သောကြောင့် ထုံးဘိုလေးရွာမှ ဒေါ်ဖောစေး၊ ဦးပန်းစိန်၊ ဦးဖားဘဲ၊ နောဒို့၊ ဦးကျေဇော၊ စောထေ့ဖိုး တို့၏ နေအိမ်များအပြင် ရာဘာပင်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထုံးဘိုလေးရွာကို အကြမ်းဖက် စစ်တပ်က ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က မီးရှို့ခဲ့ပြီး လူနေအိမ် ၆၁ လုံး မီးလောင် ပြာကျကာ ဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာစာသင်ကျောင်းလည်း မီးရှို့ခံရကြောင်း၊ ထို့ပြင် ရွာသား ၃ ဦးလည်း သတ်ဖြတ်ခံခဲ့ရကြောင်း၊ အကြမ်းဖက် စစ်တပ်မှ မီးရှို့ဖျက်ဆီးမှုကြောင့် ထုံးဘိုလေးရွာရှိ ရွာသူ၊ ရွာသားများမှာ ယာယီတဲအိမ်များ ပြုလုပ်ပြီး နေထိုင်နေရကာ အကြမ်းဖက် စစ်တပ်မှ ထပ်မံပြီး လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်း ဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU-ဗဟိုမှ ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article