ရန်ကုန်၊ နိုဝင်ဘာ ၁၄
မုံရွာမှ တော်လှန်ရေး ရဲဘော်များက ရန်ကုန်က ရဲဘော်များနှင့် အတူ ရပ်တည်နေကြောင်း ပြသသည့် အနေဖြင့် ထဘီနှင့် ပုဆိုးများပေါ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး စာသားများ ရေးသားကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို မုံရွာမြို့၏ အဓိကလမ်းများ ဖြစ်သော ကျောက္ကာလမ်း၊ အာဇာနည်လမ်း၊ ဗိုလ်တေဇလမ်း၊ ပေရှစ်ဆယ်လမ်းနှင့် အထက်တန်းကျောင်းတွေရှေ့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။