25.7 C
Yangon

ခင်ဦးသို့ စစ်ကြောင်းထိုးလာသော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ စစ်တပ်က လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်နေ၍ ပြည်သူထောင်ချီ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့ကာကွယ် ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးကြောင်း Lightning Guerrilla Revolution Forceမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီအချိန် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှ ရွာသစ်ကုန်း စစ်ကောင်စီတပ်စခန်းမှ ရှေ့ပြေး ထွက်လာသော စစ်ကြောင်းကို ခင်ဦးမြို့နယ် ဆေးပေါင်းတိုက်နှင့်သရက်ပင်စုအကြားတွင် ရှေ့ထွက်မိုင်း ၄ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ စစ်သား ၇ ဦးခန့် သေဆုံးကြောင်း L.G.R.Fအဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

“ဆေးပေါင်းတိုက်နှင့် သရက်ပင်စုအကြားမှာ ရှေ့ထွက်မိုင်း( ၄)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ပါတယ်။ အနည်းဆုံး ခွေး ၇ ကောင်ခန့် ငရဲပြည်သို့ ရောက်သွားပါတယ်။ ရေဦးမြို့တိုင်းရင်းဆေးရုံမှာရှိတဲ့ ခွေးတွေက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေပါတယ်” ဟု L .G.R.F တာဝန်ရှိသူက ဆိုသည်။

ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့် အချိန်ကစ၍ ရေဦးမြို့မှ စစ်တပ်နှင့် ရွာသစ်ကုန်းစခန်းမှ ပျူစောထီး စုစုပေါင်း အင်အား ၁၀၀ ကျော်က ခင်ဦး အနောက်ခြမ်းကျေးရွာများကို စစ်ကြောင်းထိုးလာခြင်း၊ ရေဦးမြို့ဘက်မှ လက်နက်ကြီးပစ်ကူပေးနေခြင်းကြောင့် ဒေသခံ ပြည်သူ ထောင်ချီ၍ စစ်ဘေးရှောင် ထွက် ပြေးနေရသည်ဟု သိရှိရသည်။

လတ်တလော ခင်ဦးမြို့နယ်၊ အင်းပတ်ရွာ၊ချမ်းသာကုန်း(ခ)အောင်ချမ်းသာရွာ၊မရမ်းအင်းရွာ၊ကုန်းသာရွာ စသည့် ကျေးရွာများမှ ပြည်သူများလည်း စစ်ဘေး ရှောင်တိမ်းနေကြရပြီး ဖမ်းဆီးခံရသူပြည်သူများရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ခင်ဦးမှ ပြည်သူ့ကာကွယ်ရေးတပ်များက ပြည်သူများ၏ လုံခြုံရေးအတွက် လမ်းမများတွင် စစ်ဆေးရေး ဆောင်ရွက်နေကြစဉ်။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article