By ရန်ကုန်ခေတ်သစ်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မုပ္ပလင်ဂိတ်၊ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ အရာတော်၊ ဝန်းသိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများကို ဒေသကာကွယ်ရေးတပ်များနှင့် ပြည်သူ့ကာကွယ် ရေး တပ်များက လုပ်ဆောင်ခဲ့ကြပြီး စစ်သား ၁၀ ဦးသေဆုံးကြောင်း သိရှိရသည်။
မုပ္ပလင်လမ်းဆုံဂိတ် ၄၀ မမဖြင့် ပစ်ခတ်ခံရမှု စစ်သား ၃ ဦးသေဆုံး
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံဂိတ်တွင် စောင့်ကြပ်နေသော စစ်ကောင်စီတပ်မှ စစ်သားများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ၄၀ မမများဖြင့် ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် သွားရောက်ပစ်ခတ်ရာ စစ်သား ၃ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရကြောင်း Kyaikhto Information Teamက ရန်ကုန်ခေတ်သစ်ထံသို့ ပြောဆိုသည်။
” သွားပစ်တာက ၄၀ မမ ၄ လုံး။ ၃ လုံး ကွဲတယ်။ စစ်ခွေး ၃ ကောင်သေးတယ်။ ၄ ကောင် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ ခွေးတွေကို Double cab နဲ့ ကျိုက်ထိုကို ပြန်သယ်သွားတယ် ” လို့ မြေပြင် သတင်းပို့သူမှ ပြောသည်။
အရာတော်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦး သေဆုံး
စစ်ကိုင်းတိုင်း ၊အရာတော်မြို့နယ်၊ကမ်းဖြူရွာအနီး စစ်ကောင်စီတပ်နှင့် ပြည်သူကာကွယ်ရေးတပ်များ ယနေ့ နိုဝင် ဘာ ၁၅ ရက်နေ့ နေ့လယ်ပိုင်းမှစတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကြောင်း အရာတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။
စစ်ကောင်စီတပ်က စစ်အရာရှိခရီးစဉ်အတွက် ကင်းပုန်းစောင့်ပေးရန် ကင်ပုန်းဝတ်နေစဉ် ပြည်သူကာကွယ်ရေးအဖွဲ့များက အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ခွေးလမ်းကြောင်းရှိတယ်လို့သတင်းအတိကျရလို့ အလစ်သွားတိုက်ခဲ့တာ။ ပထမ မနက်ခင်း ၉ နာရီ၃၀ မိနစ် တစ်ကြိမ် ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်။ မနက် ၁၁နာရီ ၄၅မိနစ်အချိန်မှာ မြေပြင်ထိပ်တိုက် တိုက်ပွဲထပ်ဖြစ်တယ်။တိုက်ပွဲနှစ်ကြိမ်စလုံး စစ်သား ၃ ကောင်ကျဆုံးသွားတယ်” ဟု Zeroပြောက်ကြားတပ်ဖွဲ့မှ ခေါင်းဆောင် ကိုသက်ကြီးကရန်ကုန် ခေတ်သစ်ထံ ပြောဆိုသည်။
စစ်ကောင်စီတပ်ကို ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ၊Danger Force နဂါးနီ ကျောက်ဆည် အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဆာလင်းကြီးမြို့ပေါ်ရှိ စစ်ကောင်စီဝန်ကြီးဌာနရုံးများကို လက်နက်ကြီး ၃၂ လုံးဖြင့် ပစ်ခတ်
စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ဆာလင်းကြီး မြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးဌာနရုံးဌာနများကို လက်နက်ကြီး ၃၂ လုံးဖြင့် နိုဝင်ဘာ၁၄ရက်နေ့ ည ၈နာရီအချိန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဆာလင်းကြီးဒေသ ကာကွယ်ရေးအဖွဲ့များက ပြောသည်။
“ပစ်ခတ်ခဲ့တာက ရဲစခန်း၊ထွေအုပ်ရုံးနဲ့တရာရုံးကို ပစ်ခဲ့တာ။အလုံးအရေ အတွက် ကတော့ ၃၂လုံးပါ။လက်နက်ကြီးအမျိုအစားတွေက ၈၀ မမ ၊၁၂၀ မမ နဲ့ပစ်ခဲ့တာပါ ။ ရဲစခန်းထဲကို လက်နက်ကြီး ၈လုံး ထက်မနည်းကိုကျသွားတယ်။ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ မြို့နယ်တရားရုံးအတွင်းကို လက်နက်ကြီး ၅ လုံးကျရတယ်။ အသေအပျောက်အတိအကျတော့မသိရသေးဘူး။ သူတို့ဘက်က စက်လက်နက်၊ ၄၀ မမ ၂လုံးပြန်လည် ပစ်ခတ်တာတော့ရှိတယ်။အထိခိုက်တော့မရှိခဲ့ဘူး” ဟု ဆားလင်းကြီး PDF ခေါင်းဆောင်က ပြော သည်။
ရေးမြို့ရှိ ခမရ ၅၈၆ တပ်ကို ရေးဘီလူးအဖွဲ့က တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် စစ်ကောင်စီလက်အောက်ခံ ခမရ ၅၈၆ တပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရေးဘီလူးက တရားဝင် သတင်းထုတ်ပြန်သည်။
” ၄၀ မမနဲ့ M4 လက်နက်ငယ်တွေသုံးပြီး ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ အတည်ပြုချက်ရရှိထားတဲ့သတင်းကတော့ ၄ ယောက်ကတော့ ဒဏ်ရာရတယ်။ ၂ ဦးသေတယ်လို့ သိရတယ်။ နာရီဝက်လောက်ပစ်ခတ်ဖြစ်ပြီးတော့ ဆုတ်လမ်းကို အောင်မြင်စွာနဲ့ ဆုတ်ခွာနိုင်ခဲ့တယ်။ ကျနော်တို့ဘက်က ထိခိုက်မှု ဘာမှ မရှိဘူး။ ဒီထက်ကောင်းမွန်တဲ့ မစ်ရှင်တွေကိုလည်း ပြုလုပ်သွားမယ်လို့ ပြည်သူ့အပေါ် ကတိသစ္စာပြုပါတယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။
ဝန်းသိုမြို့နယ်တွင် စစ်တပ်ဂိတ် ဗုံးခွဲခံရပြီး စစ်သား ၂ ဦးသေဆုံး
နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီအချိန် စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ် စစ်တပ်၏ ဂိတ်တစ်ခုဖြစ်သော ကျောက် တိုင် ဘက်အဝင်စစ်ဆေးရေးဂိတ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးကြောင်း Wuntho Revolution-WR က သတင်းထုတ်ပြန်သည်။
ဓာတ်ပုံ- မုပ္ပလင်စစ်ဆေးရေးဂိတ်မရောက်ခင် စစ်တောင်းတံတား(မုပ္ပလင်) ။