28 C
Yangon

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး လွတ်မယ်လို့သတင်းထွက်နေပေမယ့် အိမ်မရောက်သေးဟု သမီးဖြစ်သူ ပြော

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၇

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမြအေး ဒီနေ့မှာပြန်လည်လွတ် မြောက်လာဖို့ရှိတယ် လို့သတင်းတွေထွက်ပေါ်နေပါတယ်။

အဲဒါနဲ့ပက်သက်ပြီး သူရဲ့သမီးဖြစ်သူကတော့ ” အဖေ ဦးမြအေး လွတ်ပြီလို့ သတင်းကြားပါတယ်။ အခုထိတော့ အိမ်မရောက်သေးပါဘူး။ လုပ်ငန်းစဥ်တွေများလို့ ညနေလောက်မှ ထွက်လာလို့ရမယ်လို့လဲပြောကြပါတယ်” လို့သူရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။

လူကိုယ်တိုင်အိမ်ပြန်ရောက်ပြီး မိသားစုနဲ့ပြန်တွေ့ရမှ သက်ပြင်းချနိုင်မှာမို့ ပြန်ပြီးအတည်ပြုပေးမယ့်အကြောင်းနဲ့ ဆုတောင်းပေးတဲ့သူတွေအားလုံးကို ကျေးဇူးတင်ကြောင်းလည်းရေးသားထားပါတယ်။

ကိုမြအေးကို စစ်အာဏာသိမ်းတဲ့ရက် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က သူရဲ့နေအိမ်မှာပဲ ဖမ်းဆီးသွားတာဖြစ်ပါတယ်။

ဖမ်းဆီးခဲ့ပြီးနောက် ပုဒ်မ ၅၀၅ (ဂ) နဲ့ တရားစွဲဆိုခဲ့ပြီး ဒီနှစ် မတ်လမှာ အင်းစိန်ထောင်တွင်း တရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီကတော့ ဒီနေ့မှာ တနိုင်ငံလုံးက အကျဥ်းထောင်တွေမှာ အကျဥ်းကျခံနေရတဲ့ အကျဥ်းသား ၅၀၉၈ဦးနဲ့ အကျဥ်းသူ ၆၇၆ဦး စုစုပေါင်း ၅၇၇၄ ဦးတို့ကို လွတ်ငြိမ်းခွင့်ပေးပေးမယ်လို့ ကြေညာထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article