26.2 C
Yangon

ရွှေဘို၊ ပခုက္ကူနှင့် ဒီးမော့ဆိုတွင် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၁၀ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၉

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ မကွေးတိုင်း ပခုက္ကူမြို့နယ်နှင့် ကယားပြည်နယ် ဒီးမော့ဆိုတို့တွင် စစ်ကောင်စီတပ်သားများကို ကာကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၁၀ ဦးခန့်သေဆုံးခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ရွှေဘို၊ ကော့ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဗုံးခွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကော့ကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီတပ် စခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဖောက်ခွဲ တိုက်ခိုက်ခဲ့​ပြီး ၃ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၂ နာရီ ၅၈ မိနစ်ခန့်တွင် ကော့ရွာအနီးရှိ အကြမ်းဖက် စစ်တပ်မှ စစ်သားများနှင့် ပျူစောထီးများ တပ်စွဲထားသော စခန်းအနီးရှိ ထောင်ထားသော တိုက်မိုင်း ၃ လုံးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဖောက်ခွဲခဲ့ကြောင်း၊ ထိုသို့ ဖောက်ခွဲပြီးနောက် စခန်းအတွင်းမှ စစ်သားနှင့် ပျူစောထီးများ သေနတ်များ ဆက်တိုက် ပစ်ဖောက်ပြီး စခန်းအတွင်းမှ ထွက်လာစဥ် ကာကွယ်ရေး တပ်ဖွဲ့များက ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၁၀ ဦးခန့် အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို နေလစင်္ကြာ_Shwebo PDF၊ Ghost Rider Special Task Force(Burma)၊နှင့် Shwebo Wetlet Special Task Force အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပခုက္ကူ တက္ကသိုလ်တွင် တပ်စွဲထာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၅ ဦးသေဆုံး

မကွေးတိုင်း၊ ပခုက္ကူ တက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ၄၀ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၅ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၉ နာရီခန့်တွင် ပခုက္ကူတက္ကသိုလ်ကျောင်း၌ တပ်စွဲထားသော စစ်သားနှင့် ပျူစောထီးများကို Special Guerrilla Force (SGF-Pakokku) မှ M 79 (၄၀ မမ)ဗုံးသီး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း SGF-Pakokku အဖွဲ့က ထုတ်ပြန်ထားသည်။

ဒီးမော့ဆိုတွင် တပ်စွဲထားသော စစ်တပ်ကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၂ ဦးသေဆုံး

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဆင်မတောင်တွင် တပ်စွဲထားသော စစ်သားများကို KNDF က စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ပြီး ၂ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဆင်မတောင် တပ်စခန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို KNDF/B-07နှင့် B-01၊ B-09 တို့ ပူးပေါင်းကာ စနိုက်ပါဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း KNDF B-07 က ထုတ်ပြန်ထားသည်။

Photo – KNDF တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article