ရန်ကုန်၊ နိုဝင်ဘာ ၂၂
အီတလီနိုင်ငံ မီလန်မြို့တွင် နိုဝင်ဘာလ ၂၁ ရက်နေ့က “မသောက်မိသော မိုးခါးရေ” ဇာတ်ကား ဆက်လက်ပြသနေပြီး အီတလီ နိုင်ငံသားများပါ ကြည့်ရှု့ အားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားကို မီလန်မြို့နှင့် ဝန်းကျင်ဒေသများမှ ဘာသာရေး မိသားစုဝင်များ၊ မြန်မာ မိသားစုများ အင်တိုက်အားတိုက် ပါဝင်တက်ရောက်ခဲ့ရုံသာမ အီတလီလူမျိုးမြောက်မြားစွာ လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း၊ တက်ရောက်လာသူများ အားလုံးမှ မသောက်မိသောမိုးခါးရေရုပ်ရှင်ကို တခဲနက် အားပေးခဲ့ကြပြီး ရုပ်ရှင်အပြီး ဒါရိုက်တာကိုပေါက်နှင့် မေးမြန်းဖြေဆိုခြင်းအစီအစဥ်တွင် အီတလီလူမျိုးများကိုယ်တိုင် မြန်မာနိုင်ငံအခြေအနေနှင့် ရင်ဆိုင်နေရသည့် အခက်အခဲများကို မေးခွန်းများစွာနှင့် စိတ်ပါဝင်စားစွာ မေးမြန်းခဲ့ကြောင်း သိရသည်။