ရန်ကုန်၊ နိုဝင်ဘာ ၂၂
လက်ပံတောင်းတောင်ဒေသ လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် “တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
“လာမည့်နှစ် ၂၀၂၃ သြဂုတ်လထဲမှာ ရွေးကောက်ပွဲပြုလုပ်မယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ဆိုပါတယ်။ အာဏာသိမ်း စစ်အုပ်စု ပြုလုပ်မည့် ရွေးကောက်ပွဲသည်
အတု အယောင်သာဖြစ်ပြီး အာဏာရှင် သက်ဆိုးရှည်စေမည့် နိုင်ငံရေး ထွက်ရပ်ပေါက်သာ ဖြစ်ပါသည်။ မိဘပြည်သူတရပ်လုံးက အာဏာသိမ်းစစ်အုပ်စု ကျင်းပပြုလုပ်မည့်
အတုအရောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြပါ။ သွေးစွန်းနေသည့် လက်ဖြင့်မဲမပေးကြပဲ သွေးမြေကျနေတဲ့ တိုင်းပြည်ကို လူထုညီညွတ်မှုအားနဲ့ ရွေးကောက်ပွဲကို တိုက်ထုတ်ကြပါ။ အာဏာသိမ်းလိုက် အတုအယောင်ရွေးကောက်ပွဲလုပ်လိုက်နဲ့ ဒီနိုင်ငံရဲ့သောက်ကျင့်ကို လုံးဝလက်မခံ တိုက်ဖျက်ကြစို့ပါပဲ” ဟု လက်ပံတောင်းတောင်ဒေသ အာဏာရှင် ဆန့်ကျင်ရေး သပိတ်အင်အားစုမှ ကော်မတီဝင် တစ်ဦးက ဟောပြောခဲ့သည်။
Photo – Black Ko