ရန်ကုန်၊ နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ၊ ပျဉ်းမပင်အုပ်စုမှ ရပ်ကွက် ၅ ခု ၊ အိမ်ခြေ ၁၀၀၀၀ နီး ပါး ကို စစ်တပ်က တပ်ပိုင်မြေကျူး ကျော်သည်ဟုဆိုကာ ဖယ်ရှားနေရာတွင် စစ်မှု ထမ်းဟောင်းမိသားစုများ၏ နေအိမ် ရာပေါင်းများစွာ ပါဝင်သွားပြီး မင်းအောင် လှိုင်နှင့် စစ်တပ်ကို ရွံ့ရှာမုန်းတီး၍ ဝေးဝေးနေမည်ဟု အိမ် ဖျက် ခံရသည့် စစ်မှုထမ်းဟောင်းများက ပြောဆိုလိုက်ကြသည်။
“တစ်နေ့လောက်ကတည်းက ဖျက်နေတာ။ စစ်သားအချင်းချင်းဗျာ။ကျနော် တို့က စစ်မှုထမ်းဟောင်းတွေပါ။ ဒီလောက် အထိတော့ မမိုက်ရိုင်းဘူး။ ခင်ဗျား တို့ ကိုယ့်အိမ်ကိုယ် ဖျက်မလား၊ ကျုပ်တို့ဖျက်ရမလားဆိုပြီး ဘူဒိုဇာနဲ့ ထိုးချ လိုက်တာ ဘာပစ္စည်းမှ အကောင်း ပြန်မရဘူး။ ကျနော်လည်း စစ်မှု ထမ်း ဟောင်းပါ။ ဒီလောက်ကြီး ဘီလူးသရဲစီးနေကြတာ လား” ဟု စံသမာဓိ ရပ် ကွက်မှ စစ်မှု ထမ်းဟောင်းတစ်ဦးက ပြောသည်။
ယနေ့တွင်လည်း မင်္ဂလာဒုံရပ်ကွက်များအတွင်းမှ နေအိမ်များကို ဘူဒိုဇာများ ဖြင့် နေရာအနှံ့ဖျက်ဆီးနေပြီး အိမ်ကြီး အိမ်ကောင်းများပါ မချန် ဖြိုချ ဖျက်ဆီး လျက်ရှိကြောင်း သိရှိရသည်။
“ဒီလကုန်အပြီးဖြိုနေကြတာ။ ကျနော်တို့ စံသမာဓိရပ်ကွက်နားမှာ မြန်မာ ဘီယာစက်ရုံရှိတယ်။ အဲဒီမြန်မာဘီယာ စက်ရုံတိုးချဲ့ဖို့ စံသမာဓိရပ်ကွက်ကို အပြီး ဖျက်တာလို့ပြောတယ်။ ဦးပိုင်အုပ်စုမြန်မာဘီယာစက်ရုံနဲ့ ဗိုလ်မှူး ကြီး မျိုးသန့်မောင် G1နဲ့ ပျဥ်းမပင် အုပ်စု ဥက္ကဌ သိန်းထွန်း နဲ့ရာအိမ်မှူး ကျော် မင်း နိုင်၊ ကျော်ကျော်လင်း၊ ဦးမျိုးကြည်၊ ချစ်စမ်းမောင်၊ စိုးမင်းသူတို့က ဦးဆောင် ပြီး ဒီနေ့ ရပ်ကွက်ကို ဝင်ဖျက်ကြတာပဲ” ဟု ဒေသခံတစ်ဦးက ဆို သည်။
ယနေ့ နေအိမ်များကို ဖျက်ဆီးရာတွင် ဝင်ရောက်တားဆီးသူ စံသမာဓိ ရပ် ကွက်သူ ဒေါ်စမ်းဌေးကို စစ်သားများက ဖမ်းဆီးသွားပြီး နောက်ထပ် အိမ် အဖျက် မခံသော အမျိုးသမီးတစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ဝင်ဖမ်းရာတွင် ရုန်းရင်းဆန်ခတ်ဖြစ်ကာ မေ့မြောသွားကြောင်း၊ ဆေးရုံသို့ လက်ထိပ်ခတ်၍ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။
ယနေ့ မင်္ဂလာဒုံမှ ရပ်ကွက်များကို ဖျက်ဆီးရာတွင် စစ်တပ်နှင့်ရဲ၊ လူမိုက် အင် အား ၅၀၀ ကျော်ဖြင့် ရပ်ကွက်အားလုံးကို ဖျက်ဆီးနေခြင်းဖြစ်သည်ဟု သိရှိ ရ သည်။
စစ်တပ်က ဖျက်ခိုင်းသည့် မင်္ဂလာဒုံမြို့နယ်ရှိ ပျဉ်းမပင်ကျေးရွာအုပ်စုတွင် မြဲမြံအောင်ရပ်ကွက်၊ ဓလပါ လရပ်ကွက်၊ စံသမာဓိရပ်ကွက်၊ ဂုန်ညှင်းနီ ရပ် ကွက်၊ မြဝတီရပ်ကွက် စသည့် ၅ ရပ်ကွက် ပါဝင်ပြီး အိမ်ခြေ ၁ သောင်းနီးပါး၊ လူဦးရေ ၅ သောင်းနီးပါးနေထိုင်ကြသည်။
ဓာတ်ပုံ- ယနေ့ မင်္ဂလာဒုံတွင် ဖျက်ဆီးခံရသော စံသမာဓိရပ်ကွက်မှ နေအိမ် များ။