30 C
Yangon

တန့်ဆည်မြို့၊ ထန်းပင်ဆိပ်ကျေးရွာကို စစ်တပ်က မီးတင်ရှို့၊ စစ်ကိုင်း၊ ဆား တောင်၊ သိမ်ချောင်းကျေးရွာကို PDF ထမင်းကျွေးသည်ဟုဆိုကာ ရွာကို မီးရှို့ သွား

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၇

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ထန်းပင်ဆိပ်ကျေးရွာကို နိုဝင်ဘာလ ၂၇ ရက် နေ့နံနက်ပိုင်းတွင် စစ်တပ်က မီးတင်ရှို့နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စစ်တပ်က ထန်းပင်ဆိပ် ကျေးရွာကို မီးတင်ရှို့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ မီးဝင် ရှို့ခြင်းဖြစ်ကြောင်း၊ ကျေးရွာနေ ပြည်သူများ ထွက်ပြေးတိမ်း ရှောင်နေရ ကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၂၃ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့၊ သိမ်ချောင်း ကျေး ရွာကို PDF များကို ထမင်းကျွေး သည်ဟုဆိုကာ မီးတင်ရှို့သွားကြောင်း သိရှိရသည်။

“စစ်ကောင်စီက PDF ၁၀၀ ကို ထမင်းချက်ကျွေးလို့ဆိုပြီး မီးရှို့သွားတာပါ။ စစ်ကိုင်းတိုင်းဆားတောင်မြို့ သိမ်ချောင်းရွာလေးပါ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့၊ သိမ်းချောင်းကျေးရွာမှ နေအိမ်တချို့ မီးရှို့ခံရမှုမြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article