25 C
Yangon

မကွေးတိုင်းတွင် ဆိုင်ကယ်နှစ်ယောက်စီးသူများကို စစ်တပ်က ပစ်ခတ် နေသ ဖြင့် ပြည်သူများ သေဆုံး ထိခိုက် ဒဏ်ရာရမှုများ များပြားလာ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၇

မကွေးတိုင်းတွင် အကြမ်းဖက်စစ်ကောင်စီက ဆိုင်ကယ်နှစ်ယောက်စီး ခွင့်မပြု ဘဲ နှစ်ယောက်စီးလာ သော ဆိုင်ကယ်များကို ပစ်ခတ်နေသဖြင့် ပြည်သူများ သေ ဆုံးထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်နေ ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်အချိန် မကွေးမြို့၊ ပြည်တော် သာ လမ်း၊ ရိုးမဘဏ်၊ က‌မ္ဘောဇဘဏ် အမရာဘဏ်များရှေ့တွင် စစ်တပ်က ဆိုင် ကယ်စီးလာသော လူငယ် ၂ ဦးကို ဆက် တိုက် ပစ်ခတ်ခဲ့ကြောင်း ၊ ပစ်ခတ် မှု ကြောင့် လူငယ် ၂ ဦး ဒဏ်ရာရရှိပြီး လူနာတင်ကားဖြင့် ဆေးရုံပို့ ဆောင်ခဲ့ ကြောင်း၊ လူငယ် ၂ ဦးကို ဆိုင်ကယ် နှစ်ယောက်စီး၍ ပစ်ခတ်ခြင်းဖြစ်သည်ဟု စစ်တပ်ဘက်က ပြောဆိုကြောင်း သိရှိရသည်။

“အပစ်ခံရတဲ့ လူငယ် ၂ ဦးက dk လက်ဖက်ရည်ဆိုင်က ကလေးတွေ။ သေ နတ်နဲ့ ၇ ချက်၊ ၈ချက် ဆင့် ပစ်တာ။ dk လက်ဖက်ရည်ဆိုင်မှာ Waiter လုပ် တဲ့ကောင်လေးတွေပါ။ dk လက်ဖက်ရည်ဆိုင် ပိုင်ရှင် က ရဲစခန်းမှူး (ငြိမ်း) ရဲ့ ခမည်းခမက်ဆိုင်ပါ။း ၁၀ မိနစိလောက် အကြာမှ Ambulance ကားတွေ ရောက် လာတယ်။ အိမ်စီးကား တစ်စီး ရဲကားအပြာတစီး ရောက်လာတယ်။ ရဲ ကတော့ ဆိုင်ကယ် မှောက်တာဆိုပြီး လိမ်သတင်းဖြန့်တယ်။ လူငယ်တစ်ဦးက သွေးထွက်လွန်နေလို့ ဆေးရုံ အချိန်မီ ပို့ရတယ်” ဟု ဒေသံတစ်ဦးက ပြောဆို သည်။

“မနေ့က အမျိုးသမီး ၂ ဦးက ဆိုင်ကယ် ၂ ဦးစီးလို့ဆိုပြီး ပစ်ခတ်ခံရတာ။ သေနတ်ကျည်ထိတယ်။ ၂ ဦးစလုံး။ အဲဒါ စစ်တပ်က ဆိုင်ကယ်တွေရော အမျိုးသမီး ၂ ဦးကိုရော ဖမ်းသွားတာ။ သေပြီလို့ လည်း ပြောတယ်။ အတိ အကျတော့ ဘယ်သူမှမသိဘူး။ ပြောနိုင်တာက အမျိုးသမီး ၂ ဦး ဆိုင်ကယ် စီးတာကို ပစ်တယ်။ ၂ ဦးစလုံး ကျည်ထိတယ်။ အဲဒီ လောက်ပဲ သိပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ောင်း စစ်ကောင်စီက အမိန့် ထုတ် ခဲ့သည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၇ နာရီအချိန် ပခုက္ကူအခွန်လွတ်စျေးနားတွင် အမျိုးသမီး ၂ ဦး ဆိုင်ကယ် စီးနင်းသည်ဟုဆိုကာ စစ်တပ်က ပစ်ခတ်ခဲ့ပြီး အဆိုပါ အမျိုးသမီး ၂ ဦး ကျည်ထိမှန်ကာ စစ်တပ်က ဖမ်းဆီးသွားကြောင်း၊ ယခုနောက်ဆုံး အဆိုပါ အမျိုးသမီး ၂ ဦးသေဆုံးသည် ဆိုသော သတင်းများ သိရှိရသော်လည်း အခြေအနေ အသေးစိတ် မသိရှိရသေးဟု ဒေသခံများက ဆိုသည်။

“မနေ့က အမျိုးသမီး ၂ ဦးက ဆိုင်ကယ် ၂ ဦးစီးလို့ဆိုပြီး ပစ်ခတ်ခံရတာ။ သေနတ်ကျည်ထိတယ်။ ၂ ဦးစလုံး။ အဲဒါ စစ်တပ်က ဆိုင်ကယ်တွေရော အမျိုးသမီး ၂ ဦးကိုရော ဖမ်းသွားတာ။ သေပြီလို့ လည်း ပြောတယ်။ အတိ အကျတော့ ဘယ်သူမှမသိဘူး။ ပြောနိုင်တာက အမျိုးသမီး ၂ ဦး ဆိုင်ကယ် စီးတာကို ပစ်တယ်။ ၂ ဦးစလုံး ကျည်ထိတယ်။ အဲဒီလောက်ပဲ သိပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ကျေးရွာအုပ်စု ၅၃ စု အတွင်းတွင် နိုဝင် ဘာလ ၂၆ ရက်နေ့မှ စတင်၍ ဆိုင်ကယ်စီးနင်းခွင့် လုံး၀ ခွင့်မပြုတော့ကြောင်း၊ ဆိုင်ကယ်စီးနင်းများကို စစ်တပ်နှင့် ပူးပေါင်း အရေးယူမည်ဖြစ်ကြောင်း ခရမ်း မြို့ နယ်ထွေ/အုပ်ဦးစီးဌာနက အမိန့်ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ- ယမန်နှစ် ပြည်သူများ၏ ဆိုင်ကယ်များကို လုယက်နေသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article