ရန်ကုန်၊ ဒီဇင်ဘာ ၆
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းသစ်တွင် စစ်တပ်မှ အရာ ရှိ များ၊ ရဲများနှင့်အရာရှိကြီးများ၏ သားသမီးများ ပုံမှန်ပျော်မြူး စား သောက် လေ့ ရှိသည့် The Myst Bar ရှေ့တွင် ယနေ့ည ၈နာရီဝန်းကျင်အချိန်တွင် ဗုံး ပေါက် ကွဲကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဒီဇင်ဘာလ ၆ ရက်နေ့ ည ၈ နာရီအချိန် ရန်ကုန်တိုင်း၊ ဗဟန်းမြိုနယ် တက္ ကသိုလ် ရိပ်သာလမ်းသစ် လမ်းမပေါ်တွင်စစ်အရာရှိများ၊ အရာရှိကြီးများ၏ သားသမီးများ အလာများသည့် The Myst bar ရှေ့တွင် ချိန်ကိုက်ဗုံး ပေါက်ကွဲ ကြောင်း သိရှိရသည်။
“The Myst Bar နေရာက ယာဥ်ထိန်းရုံးနားမှာ။ အဲဒီနားမှာ တပ်လည်းရှိတယ်။ တံတားအောက်မှာလည်း ရဲကား စစ်ကား Double Cab တွေ အသင့်ရှိတယ်။ ဒီဘက်မှာကလည်း နိုင်ငံကူးလက်မှတ်ရုံးရှိတယ်။ ပြည်ထဲရေးရုံးရှိတယ်။ ဆရာ စံ လမ်းနဲ့ဆုံတဲ့နေရာမှာလည်း စစ်ကား အသင့်ရှိတယ်။ အဲဒါကို ဗုံးပေါက် သွား တာ။ လုံခြုံရေး တင်းကျပ်ထားတဲ့ နေရာမှာကို ဖြစ်သွားတာ” ဟု ဒေသခံ တစ် ဦးက ပြောသည်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကားနှင့်ရဲကားများ ရောက်ရှိလာပြီး စစ် ဆေးမှုများ လုပ်ဆောင်ခြင်း၊ လမ်းပိတ်၍ ကားများကို စစ်ဆေးခြင်းများ လုပ် ဆောင် ခဲ့ကြောင်း သိရှိရသည်။