28 C
Yangon

ထီးချိုင့်ရှိ အင်းတိန်ရွာနှင့် လေသာရွာကို စစ်တပ်က ဒုတိယ အကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၂၀ ခန့်ပြာကျ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ အင်းတိန်ရွာနှင့် လေသာရွာကို အကြမ်းဖက် စစ်တပ်က ဒုတိယအကြိမ် ထပ်မံ မီးရှို့ခဲ့ပြီး နေအိမ် ၂၀ ခန့်ပြာကျခဲ့ကြောင်း Tigyaing Revolution – TR အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က အင်းတိန်ရွာကို ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးပြီးနောက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် လေသာရွာကို ဒုတိယအကြိမ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေ ဒုတိယအကြိမ် မီးရှို့သွားတဲ့ အင်းတိန်ရွာက နေအိမ် ၈ လုံးလောက်နဲ့ လေသာရွာ နေအိမ် ၇ လုံးလောက် ထပ်မံ မီးရှို့ ဖျက်ဆီး ခံရတယ်လို့ သိရတယ်။ အရေအတွက်တော့ အတိအကျတော့ အတည်မပြုနိုင်သေးဘူး” ဟု Tigyaing Revolution – TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

Photo – နိုဝင်ဘာလ ၃၀ ရက်နေ့က အကြမ်းဖက် စစ်တပ် လေသာရွာကို ပထမ အကြိမ် မီးရှို့ဖျက်ဆီးမှုအား အဝေးမှ တွေ့မြင်ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article