ရန်ကုန်၊ ဒီဇင်ဘာ ၇
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဘုံကျေးရွာ၊ ဘုန်းကြီးကျောင်းတွင် စစ် တပ်က ပြည်သူ ၃၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး KIA နှင့် PDF ပူးပေါင်းတပ်များက ဝိုင်းဝန်းတိုက်ခိုက်ကြရာမှ ဓားစာခံ ပြည်သူများ လွတ် မြောက်မှုရှိကြောင်း ကချင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ ၄ နာရီအချိန် ၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဘုံကျေးရွာ၊ မဒဲ့ယန်ဘုန်းကြီး ကျောင်းတွင် ပြည်သူ ၃၀ ကျော်ကို စစ်တပ် အင်အား ၈၀ ခန့်ပါစစ်ကြောင်းက ဖမ်းဆီးထားပြီး ဓားစာခံနှင့် လုပ်အား ပေး လမ်းပြပေါ်တာ အဖြစ် ချုပ်နှောင်ထားခဲ့ကြောင်း၊ ထို့ကြောင့် KIA နှင့် PDF ပူးပေါင်း တပ်ဖွဲ့များက ၀ိုင်းဝန်းတိုက်ခိုက်ကြကြောင်း၊ တိုက်ပွဲ ပြင်းထန်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများ ရှိနိုင်ကြောင်း ၊ ဓားစာခံ ပြည်သူတချို့ ပြန်လွတ် မြောက်လာပြီး စစ်ရေး ဆက်လက် တင်းမာနေကြောင်း သိရှိရသည်။
ယင်းနောက် ဒီဇင်ဘာလ ၆ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်အချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များက လက်နက်ကြီး ၁၂၀ မမ များဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိကြောင်း၊ ဖားကန့်မြို့ပြည်သူများ စိုးရိမ် နေကြပြီး စစ်တပ် ပစ်ခတ်သော လက်နက်ကြီးများ ကျရောက်မည်ကို ထိတ် လန့်နေကြကြောင်း သိရှိရသည်။
“ဒီဇင်ဘာလ ၆ ရက်နေ့ ည ၇ နာရီ ၅၅ မိနစ်မှာ ဖားကန့်ဗျူဟာ ကနေ လက် နက် ကြီးနဲ့ စပစ်တယ်။ ဖုန်းလိုင်း တော်တော်များများ ဖားကန့်မှာ ပြတ် တောက်နေတယ်။ လက်နက်ကြီးတွေနဲ့ ပစ်တာ ဆက်တိုက်ပဲ။ ပစ်တာ ဖား ကန့် ကနေ လက်နက်ကြီးမြေပါတုန်တယ်။ တောက်လျောက် ကို ပစ်နေ တာ လက်နက်ကြီးတွေ တစ်လုံးပြီး တစ်လုံးပဲ” ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။
လတ်တလော ကချင်ပြည်နယ်၊ ဖားကန်မြို့နယ် နေရာအများစုကို KIA နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားပြီး နယ်မြေစိုးမိုးမှုအပိုင်းတွင် ပို၍ ကြီးမား လာကြောင်း၊ စစ်ကောင်စီတပ်များက စစ်ကြောင်းလှည့်လည်ခြင်း၊ လေ ကြောင်း ဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ထုခြင်းမှလွဲ၍ မြေပြင် နယ်မြေစိုးမိုးမှု လုံး၀ မလုပ်ဆောင်နိုင်တော့ဟု ကချင်သတင်းရင်းမြစ်များက ပြောဆိုကြသည်။