ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆
စစ်ကောင်စီလေတပ်မှ အရာရှိ ဗိုလ်မှူးတစ်ဦးသည် ဇနီး၊သား ၁ ဦးနှင့်အတူ ဒီမော့ဆို DMO PDF မှတစ်ဆင့် CDM ဝင်ရောက်လာကြောင်း NUG သတင်းရပ်ကွက်ထံမှ သိရှိရသည်။ အဆိုပါ CDM အရာရှိကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ထံ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း၊ တိုက်ခိုက်ရေးရဟတ်ယာဉ်မောင်းသူတစ်ဦးဖြစ်ပြီး နေပြည် တော်လေတပ်စခန်းမှဖြစ်ကြောင်း NUG သတင်းရပ်ကွက်မှ သိရှိရသည်။ အလားတူ စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်မှာ ရဲတပ်သားတစ်ဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဟုမ္မလင်း)ထံ လက်နက်ချအလင်းဝင်ရောက်လာခဲ့ကြောင်း၊ အဆိုပါရဲတပ်သားထံမှ အူဇီသေနတ်တစ်လက်နှင့်ကျည်ဆံတစ်ရာ လက်ခံရရှိခဲ့သည့်အတွ့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဟုမ္မလင်း)က ဂုဏ်ပြုဆုငွေ (၃၈)သိန်း တိတိ ပေးအပ်ကာ လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးလိုက်ကြောင်း NUG က သတင်းထုတ်ပြန်ထားသည်။