32 C
Yangon

ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတို့တွင် စစ်တပ် စီးပွားရေးထောက်တိုင်များ၊ ပျုစောထီးများနှင့် စစ်ကြောင်းများကို တိုက်ခိုက်မှု ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၉

ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်တပ် စီးပွားရေး ထောက် တိုင်များ၊ ပျုစောထီးများနှင့် စစ်ကြောင်းများကို တိုက်ခိုက်မှု ၃ ဦးသေဆုံးကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ကျိုက္ကဆံလမ်းပေါ်ရှိ The Maze Club ကို ဗုံးခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းမပေါ်ရှိ The Maze Club ကို ရန်ကုန်တိုင်းပြည်သူ့ တပ်မဟာ မြို့ပြ UG အဖွဲ့က ဖောက်ခွဲ တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၈ ရက် ည ၇ နာရီ ၅၇ မိနစ်တွင် အကြမ်းဖက် စစ်တပ် စီးပွားရေး ထောက်တိုင်ဖြစ်သော The Maze Club ကို ရန်ကုန်တိုင်း ပြည်သူ့ တပ်မဟာ မြို့ပြ UG အဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့​ပြီး ထိခိုက်မှု အခြေအနေကို အတည် မပြု နိုင်သေးကြောင်း သိရသည်။

ယင်း The Maze Club သည် အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေး ထောက် တိုင်တစ်ခုဖြစ်ပြီး ပြည်သူ တစ်ရပ်လုံး၏ ရန်သူဖြစ်သော စစ်ကောင်စီကို အမြစ် ဖြတ်ချေမှုန်းရန် ရည်ရွယ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း၊ ပြည်သူများ အနေ ဖြင့် အကြမ်းဖက်စစ်ကောင်စီ ပစ်မှတ်များနှင့် ဝေးဝေးနေကြရန် ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာက မေတ္တာ ရပ်ခံထားသည်။

မန္တလေးတွင် ရပ်ကွက်ရုံးရှေ့ ခြင်းခတ်နေသော စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ဥယျာဉ်အနီးရှိ ထင်းဝင်း ရပ်ကွက် ရုံးရှေ့ ခြင်းခတ်နေသော စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက် ခိုက်ခဲ့ကြောင်း Special Task Force – Mandalay – STF-MDY အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ထင်းဝင်းရပ်ကွက်ရုံးရှေ့တွင် ခြင်းခတ်နေသော အကြမ်းဖက် စစ်တပ်မှ စစ်သားများကို STF-MDY အဖွဲ့မှ လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး ပြင်းထန် ဒဏ်ရာရရှိကြောင်း၊ ယင်းတိုက်ခိုက်မှုကို “သွေးတိုးစမ်းရင် ခွေးမျိုးကန်းမယ်” စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း Task Force – Mandalay – STF-MDY အဖွဲ့မှ ထုတ်ပြန်ထားသည်။

ပုလဲ၊ ဇီးဖြူကုန်းရွာတွင် ကင်းလှည့်နေသော ပျူစောထီး ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာတွင် ကင်းလှည့်နေသော ပျူစောထီး ၃ ဦးကို MRDA အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၃ ဦးသေဆုံးသွားကြောင်း သိရသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ကင်းလှည့်နေသော ပျူစောထီး ၃ ဦးကို ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးကြောင်း သိရသည်။

“ဇီးဖြူကုန်းရွာက ပျူစောထီ၃ကောင် မနေ့ညတုန်းက ရွာအရှေ့ ဘက်လမ်းဆုံ အထိ ကင်းလာပတ်တာကို ကျွန်တော်တို့ အဖွဲ့က အလစ်ဝင် ရောက်ပစ် ခတ် ခဲ့တယ်။ ၃ ဦး နေရာတင်သေဆုံးတယ်။ ရွာထဲကနေ နောက်ထပ်ပျူတွေ ထပ် ပြီး ထွက်လာလို့ ကျွန်တော်တို့ နောက်ဆုတ်ခဲ့တယ်။ကျွန်တော်တို့ အဖွဲ့က လည်း အဲဒီခွေးတွေကို သွားပစ်တာကလည်း ရဲဘော်၄ဦးနဲ့ သွားပစ်တာဆိုတော့ အင်အား မမျှ လို့နောက်ဆုတ်ခဲ့ရတယ်” ဟု MRDA ပြန်ကြားရေး တာဝန်ရှိ သူ ကပြောဆိုသည်။

ကနီမြို့နယ်၊ ရေလယ်ကျွန်းတွင် PDF တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွား

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဆင်ဆန်းကျေးရွာ အနီးတွင် အကြမ်းဖက် စစ်တပ် နှင့် PDF တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ် ရင်း ၃၀ DRPA အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် ဆင်ဆန်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပထမက လက်နက်ပစ်သံတွေကြားရတယ်။အဲလိုကြာတာနဲ့ အသက် အနေ အထားနဲ့ စောင့်ပြီး အပိုင်တိုက်လိုက်နိုက်တယ်။ ဖြစ်စဉ်က သူတို့ဘက်က အရပ် သားတစ်ဦးကို ဖမ်းပြီး PDF လို့ စွပ်စွဲပြီး ဖမ်းတယ် ဖမ်းပြီး အလုပ်တွေ မတရား ခိုင်းစေတယ်။ ဒီနေ့တော့ အဲဖမ်းထားတဲ့သူကို နွားကြောင်း ခိုင်းရာ က နေ ထွက်ပြေးတာကို နောက်ကနေလိုက်ပစ်တယ်။ ပစ်တာက ကျွန်တော်တို့ နယ်ထဲအထိ နယ်ကျော်လိုက်ပစ်တယ်။ အဲတာကနေ နှစ်ဖက်တိုက်ပွဲဖြစ်တာ။ တိုက်ပွဲကြာချိန်က ၄၅ မိနစ်လောက်ကြာမယ်။ သူတို့ဘက်က စစ်ရေးမလှ တော့ ရေလယ်ကျွန်းရွာထဲပြန်ဝင်သွားတယ်။ အထိခိုက်ကတော့ အတိအကျ မသိရသေးဘူး။ ကျွန်တော်တို့ဘက်ကတော့ အထိအခိုက်အကျအဆုံးမရှိခဲ့ဘူး” ဟု DRPA ခေါင်ဆောင်း ဗိုလ်လင်းနွေက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article