30 C
Yangon

တန့်ဆည်၊ ပေချောင်ကျေးရွာကို စစ်တပ်က မီးတင်ရှို့မှု နေအိမ် ၉၇ လုံးပြာကျ၊ ၂ ရက်အတွင်း နေအိမ် ၁၃၉ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ပေချောင်ရွာကို အကြမ်းဖက်စစ်တပ်က တစ် ရွာ လုံးနီးပါး မီးရှို့ဖျက်ဆီးရာ နေအိမ် ၉၇ လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသပြည်သူ များထံမှ သိရသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ တပ်မ ၃၃ လက်အောက်ခံ၊ ခမရ၃၆၁နှင့် ခမရ၃၆၉ စစ်ကြောင်းများက ပေချောင်ရွာမှ နေအိမ်၄၃လုံး၊ နွားခြံတဲ၂၀လုံး၊ မီးဖို၂၈ လုံး၊ စပါးတဲ၆လုံး၊ စုစုပေါင်း အဆောက်အဦ၉၇လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ‌စစ် ဘေး ရှောင်ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“မီးရှို့တာ နှစ်ခါရှိပြီ။ ပထမတစ်ခါတုန်းက ၅အိမ်လောင်သွားတယ်။ ဒီတစ်ခါ ရွာလုံးကျွတ်နီးပါးကို မီးရှို့သွားတာ။ အိမ်ခြေ၁၄၀လောက်ပဲရှိတာကို နည်း နည်းပဲကျန်တယ်။ ပေချောင်ကိုရှို့ပြီး ထန်းကုန်းကြီးကိုလည်း ရှို့နေတယ်။”ဟု ပေချောင်ရွာမှ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောသည်။

အဆိုပါ အင်အား၂၅၀ခန့်ရှိသော အကြမ်းဖက်စစ်တပ်သည် ပေချောင်ရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ပုတီးရွာနှင့် ထန်းကုန်းကြီးရွာတို့ကို တပ်စွဲလျက်ရှိရာ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်၁၀ နာရီခန့်က ထန်းကုန်းကြီးရွာကို မီးရှို့ပြီး လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။

တန့်ဆည်မြို့နယ်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်က ဒီဇင်ဘာလ ၄ ရက်နှင့် ၅ ရက် နှစ်ရက်ဆက်တိုက် သာ ခေါင်ကြီးရွာမှ နေအိမ် ၇၆လုံး၊ ကမ်းဖြူရွာမှ ၄၀လုံး၊ ဝက်တိုးရွာမှ ၁၇လုံးနှင့် ပုတီးရွာမှ ၆လုံး၊ စုစုပေါင်း နေအိမ်၁၃၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article