30 C
Yangon

အခွန်တိုးကောက်ခြင်း အပါအဝင် ပြည်သူကို ဖိနှိပ်နေသည့်အတွက် သထုံစျေးခေါင်းရုံး မိုင်းဖောက်ခွဲခံရ၊ လူထိခိုက်သေဆုံးမှုရှိနိုင်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ စျေးခေါင်းရုံးကို ယနေ့ နံနက် ၁၁ နာရီ ၁၂ မိနစ်အချိန် မွန်-သထုံ အထူးကာကွယ်ရေး တပ်ဖွဲ့ MTHSF က ဖောက်ခွဲတိုက်ခိုက်လိုက်ကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။

ကိုဗစ်ရောဂါအခြေအနေများနှင့် နိုင်ငံရေးအခြေအနေများကြောင့် ပြည်သူများ စီးပွားရေးကျပ်တည်းနေချိန် စျေးဆိုင်များကို စျေးခွန်တိုးကောက်ခြင်း၊ အကျင့်ပျက်ခြစားပြီး စည်ပင်က ပြည်သူများကို အာဏာပါဝါ ပြလာခြင်းတို့ကြောင့် ဖောက်ခွဲ သတိပေးတိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ယင်းလုပ်ရပ်များကို ဆက်လက်ကျူးလွန်ပါက ပိုမိုကြီးလေးသည့် ပြစ်ဒဏ်နှင့်ကြုံရမည်ဖြစ်ကြောင်း MTHS က သတိပေးထားသည်။

“ဒီစျေးခေါင်းရုံးဗုံးပေါက်တာကလေ လူထိခိုက်မှုနဲ့ ပျက်စီးဆုံးရှူံးမှုရှိတယ်။ လူကတော့ ဘယ်နှစ်ဦးသေလဲ ထိခိုက်လဲ မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article