Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၆ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ပွဲစားဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင် ထွန်းမင်းလတ်ကို သေဒဏ်အထိ ချမှတ်ခံရနိုင်တဲ့ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်ဖောက်ကားမှုနဲ့ ထိုင်းအာဏာပိုင်တွေက စွဲချက်တင်ထားတယ်လို့ ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Prachatai သတင်းစာမှာ ဖော်ပြထားပါတယ်။
– မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတွေ တိုးချဲ့ဖွဲ့စည်းဖို့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဆွေးနွေးတယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဌာနက တရားဝင်သတင်းထုတ်ပြန်ပါတယ်။
– စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အကြမ်းဖက်စစ်တပ် ကင်းထောက်စက်လှေ ၁ စီးကို PDF တပ်ဖွဲ့တွေက တိုက်ခိုက်ရာ စစ်သား ၆ ဦးသေပြီး စက်လှေကို သိမ်းပိုက်နိုင်ခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။
