ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၀
မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ပြည်သူလူထုပူးပေါင်းကာ ယနေ့ ဖေဖော်ဝါရီလ (၂၀)ရက်နေ့ တွင် 22.2.2022 (နှစ်ခြောက်လုံးနေ့)မှာ ပြုလုပ်မယ့် “စည်ကားသပိတ်´´တွင် အားလုံးပါဝင်ကြရန် ရည်ရွယ်၍ “ပြန်လည်စုရုံး နှစ်ခြောက်လုံး´´ ၊ “ကျေးလက်ပုန်ကန် မြို့ပြဖီဆန်´´ စာတန်းများ ကိုင်ဆောင်ကာ အကြမ်းဖက်ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဓာတ်ပုံကမ်ပိန်းကို ပြုလုပ်ခဲ့ကြသည်။