ရေစကြိုမြို့ပေါ်သို့ ကျေးရွာများမှ ဝင်ရောက်နိုင်သည့် မြို့အဝင်လမ်းများကို စစ်တပ်နှင့် ပျူစောထီးများက ဖျက်ဆီးထား၍ ပြည်သူများအခက်တွေ့
ရန်ကုန်၊ ဇန်နဝါရီ ၂၁
မကွေးတိုင်း ရေစကြိုမြို့ပေါ်သို့ ကျေးရွာများမှ ဝင်ရောက်နိုင်သည့် မြို့ အဝင် ကျေးလက်လမ်းများကို စစ်တပ်နှင့် ပျူစောထီးများက ဖျက်ဆီးနေသည့် အတွက် ကျေးလက်နေပြည်သူများ ရောင်းဝယ်ရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စများ အတွက် သွားလာရန်အတွက် အခက်တွေ့နေကြကြောင်း ဒေသခံများ ထံမှ သိရှိရသည်။
“ရွာသစ် ညောင်ဇောက် ရွှေကျောင်း ကျောမကြား ၄ ရွာစလုံး လမ်းတွေ ဖျက် ဆီး ထားပါတယ်။ ရေလယ်ကျွန်းဘက်ကနေ မြို့ပေါ်တက်မယ်ဆို ညောင် ဇောက် ရွာဘက်က ဖြတ်ရသလို ပေါက်တောကျေးရွာနဲ့ ရွှေကျောင်း ကျေးရွာ ဆိုလည်း ရေလယ်ကျွန်းဘက်ကနေ လာမရအောင်လုပ်ဆောင်နေကြပါတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရေစကြိုမြို့သို့ မြောက်ဘက်ကျွန်းထဲပိုင်း ကူ တုတ် ရွာမှာ လာသည့် လမ်းကို ပိတ်ဆို့ခြင်း၊ ဖျက် ဆီး ခြင်းများကို စစ်တပ်က စတင်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ယခု ဇန်နဝါရီလအတွင်းတွင်မူ တောရွှေ ကျောင်း ကျေးရွာ၊ ပေါက်တော ကျေး ရွာ၊ ညောင်ဇောက်ကျေးရွာ၊ ကျောမကြား ကျေးရွာ၊ ရွာသစ်ကျေးရွာ မှ ရေစကြို မြို့ထဲသို့ လာရောက်နိုင်သော လမ်းများကို စစ်တပ်နှင့် ပျူစော ထီးများက ဖျက် ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြား သည်။
ပုံစာ – ရေစကြို-ပေါက်တော၊ ရွှေကျောင်းရွာ မြို့ဝင်လမ်း ဖျက်ဆီးထားသောပုံ။



