အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဇန်နဝါရီ ၃၁
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “ပေးသွားတဲ့အသက်တွေ ရင်းထားရတဲ့ ဘက်ပေါင်းစုံက ဘဝတွေအတွက် ၁ ရက်ထဲတောင်းဆိုတာပါ။ ၁ ရက်ထဲတောင် ၅ နာရီလောက်ပဲ ပါဝင်ပေးရန် တောင်းဆိုမိတာပါ” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။





