20 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ဖေဖော်ဝါရီ ၂ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ အာဏာရှင်ဟောင်း သန်းရွှေခတ် စစ်ကိုင်းဝန်ကြီးချုပ် ဖြစ်တဲ့ စစ်တပ်ကဗိုလ်ချုပ် သာအေး တည်ဆောက်ခဲ့တဲ့ ရွှေပြည်အေးမြို့ကို မဟာမိတ် PDF တပ်ပေါင်းစုကနေ ဖေဖော်ဝါရီလ ၁ ရက်နေ့က သိမ်းပိုက် ရရှိထားတယ်လို့ PDF မဟာမိတ်ပေါင်းစုကနေ သတင်းထုတ်ပြန် ထားပါတယ်။

-မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဟင်္သာ- ကျေးရွာအနီးမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၆ ဦးသေသွားတယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

– စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သရက်ပင်ဝန်း-ကျေးရွာမှာရှိတဲ့ နေအိမ် ၅၃ လုံးကို ဇန်နဝါရီလ ၃၁ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ်ကနေ မီးရှို့ဖျက်ဆီးခဲ့သလို ၊ ရွာသား ဦးဖိုးဆယ် ဆိုသူကို လည်း ဖမ်းဆီးသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article