24 C
Yangon

ထန်းတပင်နှင့်ဖြူးမြို့နယ်မှ ပျူစောထီးခေါင်းဆောင် မြင့်သိန်းနှင့် အုပ်ချုပ် ရေးမှူး ညွန့်ဝင်းတို့ ပစ်ခတ်ခံရပြီး သေဆုံး

Must read

ထန်းတပင်နှင့်ဖြူးမြို့နယ်မှ ပျူစောထီးခေါင်းဆောင် မြင့်သိန်းနှင့် အုပ်ချုပ် ရေးမှူး ညွန့်ဝင်းတို့ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ပျူစောထီးခေါင်းဆောင် ခြံ တစ် ရာ မြင့်သိန်းကို နန်းထိုက် အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းရာ သေ ဆုံးသွားကြောင်း Bago Region PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၂ ရက် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်က အကြမ်းဖက် စစ် တပ် တပြေးစခန်းအနီး နေထိုင်သူ ခြံတစ် ရာ မြင့်သိန်းကို ထန်းတပင်မြို့နယ် ကပဖ(ဖီးနစ် အဖွဲ့)က ပစ်ခတ်ရာ သေဆုံးသွားကြောင်း၊ မသေဆုံးမီ မြင့်သိန်း က တပြေးစခန်းထဲသို့ ဝင်ပြေးပြီး တပ်အတွင်းမှ ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ သို့ရာတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များအထိ အခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိ ရသည်။

“သူက စစ်မှုထမ်းဟောင်း အမည်ခံကာ စစ်တပ်နဲ့ပေါင်းပြီး ပြည်သူလူထုပိုင် ခြံကွက် တစ်ရာကို မောင်ပိုင် စီးထားလို့ ခြံတစ်ရာ မြင့်သိန်းလို့ နာမည် တွင် နေတာ၊ တပ်စခန်းဝန်းနားမှာနေပြီး တပ်နဲ့ပေါင်းပြီး လုပ် စား နေတဲ့ ကောင် ပေါ့” ဟု Bago Region PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ခြံတစ်ရာမြင့်သိန်းသည် တပြေးတပ်စခန်းအနီးတွင်နေထိုင်ကာ အကြမ်းဖက် စစ်တပ်နှင့်အကျိုးတူပေါင်း လုပ်ကိုင်နေသူဖြစ်ကြောင်း၊ ပြည်သူ့တော်လှန်ရေး အဖွဲ့အစည်းသတင်းများကို စုံစမ်းပြီး စစ်တပ်ထံ သတင်းပေးခြင်း၊ အပြစ်မဲ့ ပြည် သူများကို ဖမ်းဆီးထောင်ချရန် အကောက်ကြံတိုင်တန်းခြင်းတို့လုပ် နေသ ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မြပဲခူးကျေးရွာ၌ အကြမ်းဖက် စစ်ကောင် စီ ခန့် အုပ်ချုပ်ရေးမှူး ညွန့်ဝင်းကို ဖေဖော်ဝါရီလ ၁ ရက် ညနေ ၃ နာရီခန့်က ပစ် ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သိရ သည်။

အုပ်ချုပ်ရေးမှူး ညွန့်ဝင်းသည် အကြမ်းဖက်စစ်ကောင်စီအလိုကျ ပြည်သူလူထု ကို အနိုင်ကျင့်ဗိုလ်ကျစိုးမိုးနေပြီး တော်လှန်ရေးအဖွဲ့အစည်းများ၏ သတင်း များ စုံစမ်းကာပေးပို့ခြင်း၊ စစ်ကောင်စီတပ်စစ်ကြောင်းများတွင် ကိုယ်တိုင် လိုက် ပါ ဆောင်ရွက်ခြင်းတို့လုပ်ဆောင်နေသဖြင့် ဖြူးမြို့နယ်ပကဖ (အမှန် တ ရား မြတ်နိုး သူ များအဖွဲ့)မှ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ရှင်းလင်း ခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article