အင်းတော်၊ မဲဇာ ရဲစခန်းမှ စစ်သားများက စိတ်ဝေဒနာရှင် ပြည်သူတစ်ဦးကို ပစ်သတ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၉
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မဲဇာရဲစခန်းတွင် တပ်စွဲထားသော အကြမ်း ဖက်စစ်သားများက စိတ်ဝေဒနာရှင် ပြည် သူတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း Indaw Revolution –IR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သ တင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက် ည ၁၀ နာရီခန့်က အသက် ၄၅ နှစ်အရွယ် အလယ်ဆိပ်ရွာသား ကိုစိုး နိုင်သည် မဲဇာရွာမှ အလယ်ဆိပ်ရွာသို့ လမ်း လျှောက်ပြီး အပြန် မဲဇာရဲစခန်းရှေ့အရောက် ပစ်သတ်ခံရ ခြင်း ဖြစ်ကြောင်း သိရသည်။
“အဲဒီဦးလေးက နည်းနည်းစိတ်ဖောက်ပြန်နေတယ်လို့ သိရတယ်၊ ရဲစခန်းရှေ့ဖြတ်တာနဲ့ ပစ်သတ်ခံ လိုက်ရတာ၊ သူက လူပျိုကြီးပါ၊ အိမ်ထောင်မရှိဘူး၊ မိသား စုဝင်တွေက အလောင်းကောက်ပြီး သင်္ဂြိုလ် ပေးလိုက်ပါပြီ”ဟု Indaw Revolution –IR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
အဆိုပါအင်းတော်မြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကာ ညနေ ၆ နာရီခန့်မှ နံနက် ၆ နာရီခန့်အထိ လမ်းပေါ်တွင် သွားလာခြင်းမပြုရန် အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။
