အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “တိုင်းပြည်သည်
တပ်မတော်အတွက်မဟုတ် ဒီတိုင်းပြည်မှာ စည်းကမ်းမရှိတဲ့
စစ်တပ်ရှိနေမဲ့အစား အဲ့ဒီ စစ်တပ်မရှိတာ တိုင်းပြည်အတွက် ပိုကောင်းတယ် – ဗိုလ်ချုပ်အောင်ဆန်း” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။