မုံရွာမြို့၊ ကညနရုံး လုံခြုံရေး အစောင့် စစ်သားများကို အလစ်ဝင်တိုက်မှု စစ် သား ၃ ဦးသေဆုံး၊ ဝက်လက်တွင်လည်း ပျူစောထီးနေအိမ်ကို ဝင်တိုက်ခိုက်မှု ၂ ဦးသေဆုံး
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ ကညနရုံးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို အလစ်ဝင် ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Chindwin Attack Force မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ဖေဖော်ဝါရီလ ၁၆ ရက် ည ၉ နာရီ မိနစ် ၅၀ အချိန်တွင် မုံရွာမြို့ဝင်ရပ် ကညနရုံးတွင်တပ်စွဲ ထားသော စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၃ ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ အကြမ်းဖက်စစ် တပ်မှ ပြန်လည်ပစ်ခတ်မှုရှိခဲ့ပြီး ၅ မိနစ်ခန့် အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးပစ်ကူအပါအဝင် စစ်ကူအင် အားအများအပြား ထပ်မံရောက်ရှိတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၂ ၊ တပ်ရင်း ၃ ၊ တပ်ရင်း ၄ ၊ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) အထူးစုံစမ်း စစ်ဆင်ရေး တပ်ဖွဲ့(Chindwin Attack Force) နှင့် Spring Dove တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်ရှိပျူစောထီးနေအိမ်တစ်အိမ်ကို ဝင်ရောက်တိုက်ခိုက်ရှင်းလင်းရာ ပျူစောထီး ၂ ဦးသေဆုံးပြီး ပစ္စည်းအချို့သိမ်းဆည်းနိုင်ခဲ့ကြောင်း People’s Army to fight Dictatorship –PADF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက် နေ့လည် ၁၁ နာရီခွဲခန့်က ဝက်လက်မြို့ပေါ်ရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ပူးပေါင်းနေထိုင်သည့် ပျူစောထီးနေအိမ်အား ဝင်ရောက်စီးနင်းရာ စစ်သား၊ ပျူစောထီး များမှာ ထွက်ပြေးသွားပြီး အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ပွဲ မိနစ် ၂၀ ခန့်အကြာဖြစ်ခဲ့ကြောင်း၊ နေအိမ် အတွင်းရှိ ပျူစောထီးပိုင်ဆိုင်သောပစ္စည်းအချို့ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
“မြို့ပေါ်ရပ်ကွက်မှာ ဝင်စီးတာ၊ သတင်းပေးမှားတာနဲ့ မှားစီးမိတော့ ပျူခွေးတွေက ရိပ်မိသွားပြီးတော့ ထွက်ပြေးတာ၊ ထွက်ပြေးတဲ့အချိန်၊ ဝင်စီးတယ်၊ စီးပြီးပစ္စည်းတွေမွှေနှောက်ပြီးရှာဖွေပြီးတော့ ပြန်ထွက် လာတာ၊ ပြန်ထွက်လာမှ ခွေးအင်အားတွေနဲ့လာပြီးတော့ တိုက်တဲ့အတွက် တိုက်ပွဲဖြစ်တာ၊ တိုက်ပွဲဖြစ် မှ ပျူစောထီး ၂ ဦးကသေတာ၊ အိမ်ထဲမှာက မရှင်းနိုင်ခဲ့ဘူး” ဟု People’s Army to fight Dictatorship –PADF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို People’s Army to fight Dictatorship –PADF နှင့် PADF တပ်ခွဲမှူး ဗိုလ်လှိုင် ဘွား ၊ တပ်စိပ် ၁ (ပျံလွှားအဖွဲ့)၊ တပ်စိပ် ၂ (ခွပ်ဒေါင်း အဖွဲ့) ၊ တပ်စိပ် ၃ (ဇာမဏီတပ်ဖွဲ့) ၊တပ်စိပ် ၄ (ငရဲမီးအဖွဲ့)နှင့် PAFD တပ်ခွဲ DKPDF –MMU မြင်းဖြူရှင် ပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။
