27 C
Yangon

ကြို့ပင်ကောက်မြို့နယ်၊ သာစည်ရွာသား အသက် ၆၀ အရွယ် ဦးသန်းဦးကို စစ်တပ်က ပစ်သတ်

Must read

ကြို့ပင်ကောက်မြို့နယ်၊ သာစည်ရွာသား အသက် ၆၀ အရွယ် ဦးသန်းဦးကို စစ်တပ်က ပစ်သတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ် သာစည်ရွာသား အသက် ၆၀ အရွယ် ဦးသန်းဦးကို အကြမ်းဖက် စစ်တပ်က ပစ်သတ်ခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် အစောပိုင်း ၁၂ နာရီ ၃၀ မိနစ်တွင် ကြို့ပင်ကောက်မြို့နယ်၊ နွယ်ခွေရပ်ကွက်ရှိ ဗားခရာဘုန်းကြီးကျောင်း၌ ထီးတင်ပွဲ ဆိုင်းဝိုင်းကို သွားရောက် ကြည့်ရှု့ပြီး ပြန်လာသည့် သာစည်ရွာသား အုတ်ဖုတ် လုပ်ငန်းလုပ်ကိုင်သူ အသက် ၆၀ အရွယ် ဦးသန်းဦးကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း သိရသည်။

စစ်တပ်က ပစ်ခတ် သတ်ဖြတ်ပြီးနောက် သေဆုံးသူ ဦးသန်းဦးသည် သာစည်ရွာအနီးရှိ Mytel တာဝါတိုင်ကို ဖောက်ခွဲတိုက်ခိုက်ရန် ရောက်ရှိလာသော ကြောင့် ပစ်ခတ် ဖမ်းဆီးခြင်းဖြစ်ကြောင်း အကြမ်းဖက် စစ်တပ် ထောက်ခံသူများက ဒေသခံများကို သတင်းမှားဖြင့် ဝါဒဖြန့်လျက်ရှိကြောင်း သိရသည်။

” ၂၀ ရက်နေ့ညက ကြို့ပင်ကောက်မြို့ပေါ် နွယ်ခွေရပ်ကွက် ဗားခရာ ဘုန်းကြီးကျောင်းမှာ ထီးတင်ပွဲ ဆိုင်းဝိုင်းကိုသွားပြီး အပြန်မှာ စစ်တပ်က ပစ်သတ်တာပါ။ သူ့မိန်းမနဲ့ အတူသွားတာ သူက အိပ်ချင်လို့ဆိုပြီး သူ့မိန်းမကိုထားခဲ့ပြီး သူအုတ်ဖုတ်တဲ့ တဲကိုအပြန်မှာ ပစ်သတ်ခံရတာ သူ့ကို စစ်ခွေးတွေက ၁ ချက်ပစ်ပြီး ဘယ်သူလဲမေးတဲ့အချိန်မှာ သူက ကြောက်ကြောက်နဲ့ ပြန်မပြောတာကို မေးမရလို့ဆိုပြီး ၂ ချက်ပစ်သတ်လိုက်တာ သူတို့ ပစ်သတ်ပြီးမှ Mytel တာဝါတိုင်ကို ဖောက်ခွဲဖို့လာတဲ့ PDF တပ်ဖွဲ့ဝင်ဆိုပြီး စွပ်စွဲထားတယ်။ သူက အရပ်သား ပြည်သူပါ အသက် ၆၀ ရှိပါပြီ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article