26 C
Yangon

Breaking News- စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာမှ ကျေးရွာသား ၁၅ ဦးကို လူသားဒိုင်းအဖြစ် စစ်တပ်က ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့၊ အလောင်း ၁၃ လောင်းလုံး ပြန်လည်ရရှိပြီး ကျန် ၂ လောင်းကို ရှာဖွေနေဆဲ

Must read

Breaking News- စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာမှ ကျေးရွာသား ၁၅ ဦးကို လူသားဒိုင်းအဖြစ် စစ်တပ်က ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့၊ အလောင်း ၁၃ လောင်းလုံး ပြန်လည်ရရှိပြီး ကျန် ၂ လောင်းကို ရှာဖွေနေဆဲ

ရန်ကုန်၊ မတ် ၂

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာမှ ကျေးရွာ ၁၅ ဦးကို စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်လိုက်ကာ အလောင်းများ ပြန်လည်ကောက်ယူရရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

မတ်လ ၁ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းက တာတိုင်ကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း၊ ယနေ့ မတ်လ ၂ ရက်နေ့ နံနက်ပိုင်း စစ်ကြောင်း ပြန်လည် ထွက်ခွာချိန်တွင် ကျေးရွာသား ၁၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီး လမ်းတွင် သတ်ဖြတ်ခဲ့ကာ အလောင်းများကို စွန့်ပစ်ခဲ့ကြောင်း သိရှိရသည်။

“တာတိုင်ကျေးရွာ မှ ဆုတ်သွာသွားတဲ့ စစ်ခွေးစစ်ကြာင်းသည် ဓားစာခံ ၁၅ ဦးကို ဖမ်းဆီခေါ်ဆောင်သွားပြီး မြင်းမူမြို့နယ် ညောင်ရင်းကျေးရွာ မရောက်ခင် သရက်ခြံထဲတွင် ဓားစာခံ၁၅ ဦးထဲမှ ၅ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့ပါတယ်။ အသတ်ခံရသူတွေက ကိုထွန်းထွန်း (အသက် ၃၅နှစ်- တာတိုင်ကျေးရွာ)၊ ကိုစိုးနိုင်(အသက် ၄၇နှစ်- တာတိုင်ကျေးရွာ)၊ ကိုကျော်စိုး (အသက် ၃၅နှစ်-တာတိုင်ကျေးရွာ)၊ ကိုငလင်း(အသက် ၄၅နှစ်- တာတိုင်ကျေးရွာ)၊ ကိုကျော်ကျော် (အသက် ၃၄နှစ်-တာတိုင်ကျေးရွာ) တို့ဖြစ်ပါတယ်။ နောက်ထပ် ကျန်တဲ့ သူအားလုံးကို သတ်ဖြတ်သွားပါတယ်။ နောက်ထပ် ၈လောင်းတွေ့ထပ်တွေ့တယ်။လက်ရှိ ၆လောင်း ကို မီးသဂြိုဟ်ဖို့လုပ်နေပါတယ်။ ညောင်ရင်းနဲ့ မူး၀ရွာထောင် အကြား ၈လောင်းထပ်တွေ့တယ်။ ကျန်တဲ့ အလောင်းတွေလည်း ဆက်ရှာ နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

တာတိုင်ကျေးရွာသည် အိမ်ခြေ ၇၈အိမ်သာရှိသည့် ရွာ​တစ်ရွာဖြစ်ပြီး ဧရာဝတီမြစ် နှင့် မူးမြစ်တို့ဆုံသည့်နေရာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းတွင် တည်ရှိသည်။

ဓာတ်ပုံ- စစ်တပ်က ကျေးရွာသား ၁၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး သတ်ဖြတ်သွားသည့် ပြည်သူ ၁၃ ဦး၏ အလောင်းများ။

(ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ဓာတ်ပုံနှင့် ဗီဒီယိုများကို ကြည့်နိုင်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article