ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြိုနယ်၊ ကံကလေးကုန်းရွာမှ ကျေးရွာသား ကိုစိုးမိုးကို စစ်တပ်က ဖမ်းဆီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ် အလောင်း ဖျောက် လိုက် ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ကံကလေးကုန်းကျေးရွာကို ဖေဖော်ဝါရီ၂၁ရက်နေ့ အကြမ်းဖက်စစ်တပ်က ဝင် ရောက်စီးနင်းခဲ့ပြီး ကိုစိုးမိုးကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်၍ မြေမြှုပ် ထား ခဲ့ ကြောင်း ၊ ရွာထဲတွင် ဆိုင်ကယ်စီးနေစဉ် အကြမ်းဖက်စစ်တပ်နှင့် ပက်ပင်း တိုးမိကာ ကြိုးတုပ်ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။
“ကိုစိုးမိုးကို ကြိုးတုပ်ဖမ်းပြီး ဆိုင်ကယ်ကိုပါ သူတိုတပ်စွဲထားတဲ့ သပြေရင်း ရွာ ထိယူသွားတယ်။ဖေဖော်ဝါရီ၂၄ရက်နေ့ အလောင်းတစ်လောင်း တွေ့ တယ် ဆိုပြီး ကြည့်လိုက်တော့ ကိုစိုးမိုးကို နှိပ်စက်သတ်ဖြတ်ပြီး မြေမြှုပ် ထားတာ တွေ့ရတယ်၊ ဆိုင်ကယ်ကိုလည်း မီးရှို့လိုက်တယ်”ဟု သူကပြောသည်။
အကြမ်းဖက်စစ်သားများသည် ကိုစိုးမိုးကို နှိပ်စက်သတ်ဖြတ်ပြီး ခရမ်းခြံရွာ၏ အရှေ့မြောက်ဘက် ၄ဖာလုံခန့်အကွာ ချောင်းဦးရွာ လမ်းခွဲတွင် မြေမြှုပ် ထားခဲ့ ခြင်းဖြစ်သည်။
စစ်ကောင်စီစစ်ကြောင်းသည် ယနေ့တွင် သပြေရင်း ၊ခရမ်းခြံ၊ လက်ဆည်၊ ရေရှင် ကုန်း၊ မြေခုနှင့် လယ်တီးရွာများကို ဝင်ရောက်ခဲ့ပြီး ဆိုင်ကယ် ၁၆စီးခန့် မီးရှို့ဖျက်ဆီး၍ နေအိမ်အချို့ကို ဝင်ရောက် ပစ္စည်းများ လုယက် ခိုးယူသွား ကြောင်း သိရှိရသည်။