26 C
Yangon

ဝက်လက်၊ ကျီးကန်ရွာကို စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ တချို့ မီးရှို့သတ်ဖြတ်ခံရ၊ အနည်းဆုံး ပြည်သူ ၇ ဦး အထိ အသတ်ခံထားရဖွယ်ရှိ

Must read

ဝက်လက်၊ ကျီးကန်ရွာကို စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ တချို့ မီးရှို့သတ်ဖြတ်ခံရ၊ အနည်းဆုံး ပြည်သူ ၇ ဦး အထိ အသတ်ခံထားရဖွယ်ရှိ

ရန်ကုန်၊ မတ် ၃

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျီးကန်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ တချို့ မီးရှို့သတ်ဖြတ်ခံရကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂ ရက်နေ့ နံနက် ၁၀ နာရီခန့်က စတင်ကာ အကြမ်းဖက် စစ်တပ်က ကျီးကန်ရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယနေ့ မတ်လ ၃ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်းရှိ နေအိမ်များကို ထပ်မံမီးရှို့ဖျက်ဆီးနေပြီး ပျက်စီးဆုံးရှုံးမှု များနိုင်ကြောင်း၊ ထို့ပြင် ပြည်သူ တချို့ကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ပြီး သေဆုံးသူ အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“စစ်ခွေးတွေ မီးရှို့နေတာ ပျက်စီး ဆုံးရှုံးမှု များနိုင်တယ်။ နေအိမ် အရေအတွက် ဘယ်လောက် ဆုံးရှုံးလဲ ဆိုတာတော့ မသိရသေးဘူး။ စာရင်း ကောက်နေတုန်း ပြည်သူ တချို့ မီးရှို့ သတ်ဖြတ်ခံရတယ်။ အရေအတွက်တော့ အတည်မပြုနိုင်သေး ဘူး” ဟု Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဝက်လက်ဒေသမှ ဒေသပြည်သူတချို့က အသတ်ခံရသည့် ပြည်သူ အနည်းဆုံး ၇ ဦး ရှိနိုင်ကြောင်း ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article