26 C
Yangon

စစ်ကိုင်းတိုင်းအတွင်း စစ်တပ် မီးရှို့ခဲ့သောရွာများကို S&C အဖွဲ့က နေအိမ်များ ဆောက်လုပ်လှူတန်းပြီး စစ်ရှောင် စာသင်ကျောင်း ၁ ကျောင်း ထပ်မံ ဖွင့်လှစ်

Must read

စစ်ကိုင်းတိုင်းအတွင်း စစ်တပ် မီးရှို့ခဲ့သောရွာများကို S&C အဖွဲ့က နေအိမ်များ ဆောက်လုပ်လှူတန်းပြီး စစ်ရှောင် စာသင်ကျောင်း ၁ ကျောင်း ထပ်မံ ဖွင့်လှစ်

ရန်ကုန်၊ မတ် ၃

စစ်ကိုင်းတိုင်းအတွင်း စစ်တပ် မီးရှို့ခဲ့သောရွာများကို S&C အဖွဲ့က နေအိမ်များ ဆောက်လုပ်လှူတန်းပြီး စစ်ဘေးရှောင် စာသင်ကျောင်း ၁ ကျောင်း ထပ်မံ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို S&C မီးဘေး စစ်ဘေး ပညာရေးစောင့်ရှောက်ရေးအဖွဲ့ မှ နေအိမ် ၁၀၀၀ စီမံကိန်းဖြင့် နေအိမ်များ ဆောက်လုပ်လှူတန်းလျက်ရှိပြီး လက်ရှိချိန်တွင် နေအိမ် ၄၀၀ ကို ဆောက်လုပ်လှူတန်းပြီးဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ဘေးရှောင် ကလေးငယ်များ ပညာသင်ကြားနိုင်ရေး စာသင်ကျောင်း ၁ ကျောင်းကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဆောက်လုပ်လှူတန်းခဲ့ပြီး လက်ရှိချိန်တွင် စာသင်ကျောင်း ၉ ကျောင်းအထိ ဖွင့်လှစ်ထားကြောင်း သိရှိရသည်။

စစ်ဘေးရှောင် ပြည်သူများကို ပါ၀င် ကူညီလိုသော ပြည်သူများအနေဖြင့် S&C မီးဘေး စစ်ဘေး ပညာရေး စောင့်ရှောက်မှု pageတွေ တိုက်ရိုက် ချိတ်ဆက်လှူဒါန်းနိုင်ကြောင်း S&C အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article