24 C
Yangon

ဂျာမနီရောက် မြန်မာများ၏ ဆန္ဒပြကြိုးပမ်းမှုကြောင့် စစ်ကောင်စီ စစ်သံမှူး ဗိုလ်မှူးချုပ်အောင်ကျော်မိုးနှင့်စစ်သား ၄ ဦး နှင်ထုတ်ခံရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ဂျာမနီရောက် မြန်မာများနှင့် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများ၏ ဆန္ဒပြမှု များနှင့် ကြိုးပမ်းမှုများကြောင့် စစ်ကောင်စီ စစ်သံမှူး ဗိုလ်မှူးချုပ် အောင် ကျော်မိုးကို အိမ်ရှင်ဂျာမန်အစိုးရက ဖေဖော်ဝါရီလ ၂၄ ရက်နေ့က နှင်ထုတ် လိုက် ကြောင်း ဂျာမန်ရောက် မြန်မာများထံမှ သိရှိရသည်။

မြန်မာ့ဒီမိုကရေစီရေးအတွက် ဂျာမနီနိုင်ငံ၏ ခိုင်မာပြတ်သားစွာ ရပ်တည်ရေး ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ တစ်နှစ်ပတ်လုံး ဆန္ဒဖော်ထုတ်ကြခြင်း၊ တယ် လီ ဖုန်းများဖြင့် ဆက်သွယ်စကားပြောညှိနှိုင်းဆွေးနွေးခြင်း၊ အကြံပြုစာ၊ အိတ် ပိတ်ပေးစာများ ရေးပို့ခြင်းတို့ကြောင့် စစ်သံမှူး ဗိုလ်မှူးချုပ် အောင် ကျော်မိုး ထွက်ခွာသွားကြောင်း၊ မိမိနိုင်ငံသူ၊ နိုင်ငံသားတို့ကို အကြမ်းဖက် ဖိနှိပ် နေ သည့် မြန်မာစစ်အာဏာရှင်ကို ကိုယ်စားပြုနေသူ ဂျာမနီနိုင်ငံတွင် ရှိနေခြင်း ဆိုသည်မှာ ယနေ့မှစ၍ မရှိတော့ကြောင်း၊ ဂျာမနီနိုင်ငံ၊ ဘာလင် မြို့၌ နေထိုင် ရုံးစိုက်သည့် မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ် အောင်ကျော်မိုးနှင့် အကြမ်းဖက် စစ် သား ၄ ဦး တို့ ထွက်ခွာသွားရကြောင်း German Solidarity with Myanmar Democracy e.V. က သတင်းထုတ်ပြန်သည်။

German Solidarity with Myanmar Democracy e.V. အနေဖြင့် ဒီမိုက ရေစီနည်းအရ ရွေးကောက်တင်မြှောက်ထားသည့် အမျိုးသား ညီညွတ် ရေး အစိုးရ (NUG) ကို ဂျာမနီနိုင်ငံအစိုးရက အသိအမှတ်ပြုရန်နှင့် မြန်မာနိုင်ငံ အတွင်းရှိ ပြည်သူလူထုအတွက် လူသားချင်း စာနာ ထောက်ထား မှုအကူအ ညီများ ချက်ချင်းပေးပို့ရန် ဆက်လက်တောင်းဆိုကြောင်း သတင်း ထုတ်ပြန် ထားသည်။

ဓာတ်ပုံ- စစ်သံမှူးအောင်ကျော်မိုးနှင့်မိန်းမဖြစ်သူ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article