လောင်းလုံးမြို့ပေါ်တွင် တော်လှန် လူငယ်များက စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ မတ် ၁၀
လောင်းလုံးမြို့ပေါ်တွင် တော်လှန် လူငယ်များက ယနေ့ မတ်လ ၁၀ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီ အရေးလှုပ်ရှားမှု သပိတ် ကော်မတီ (DDMSC) မှ တော်လှန်လူငယ်များ ဦးဆောင်ပြီး “စစ်ကျွန်ဘဝက လွတ်မြောက်ဖို့ ဖက်ဆစ်ရွေးကောက်ပွဲကို တိုက်ဖျက်စို့” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ချီတက် ဆန္ဒပြပွဲ ပြုလုပ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀ ခန့် ထွက်လာကာ ကား ၅ စီး၊ ဆိုင်ကယ် ၇ စီးဖြင့် လမ်းသွားလမ်းလာများအား ပိတ်ဆို့စစ်ဆေးခဲ့ကြောင်း သိရှိရသည်။