၃ ပတ်နီးပါး ကြာမြင့်သော ပင်လောင်းတိုက်ပွဲတွင် စစ်တပ်နှင့် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်း PNO အဖွဲ့ဘက်မှ သေဆုံးမှုများပြား
ရန်ကုန်၊ မတ် ၁၂
ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော ရက်သတ္တပတ် ၃ ပတ်နီး ပါး ကြာမြင့်သည့် တိုက်ပွဲတွင် စစ်တပ်နှင့် စစ်တပ်လက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ်အဖွဲ့ဘက်မှ သေဆုံးမှုများပြားကြောင်း သိရှိရသည်။
စစ်တပ်နှင့် စစ်ကောင်စီ လက်အောက်ခံ PNO ပအိုဝ်း ပြည်သူစစ်များက ပင် လောင်းမြို့နယ်အတွင်းသို့ ၃ ပတ်ခန့် ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲများဖြစ်ပွားကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်တပ်နှင့် PNO ဘက်မှ သေဆုံးမှု များပြားကြောင်း၊ မတ်လ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ပင်လောင်းမြို့နယ်အတွင်းရှိ ပအိုဝ်းစစ်ရှောင်ပြည်သူများ ခှိုလှုံနေသည့် နမ်းနှိမ်ကျေးရွာရှိ ဘုန်ကြီးကျောင်းနှင့် နေအိမ်များကိုပါ အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးသည့်ပြင် သံဃာ ၃ ပါးနှင့် ပြည်သူ ၃၀ ဦးကိုပါ သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
စစ်တပ်နှင့် စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်ဘက်မှ သေဆုံးမှု များပြားသဖြင့် ပြည်သူများကို သတ်ဖြတ်ခြင်းနှင့် ဘုန်းကြီးကျောင်း၊ နေအိမ်များကို မီးရှို့ခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။
နေပြည်တော် PDF ၈၀၄ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးကမူ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊ နမ်းနိမ်ကျေးရွာအတွင်း၌ ဘုန်းကြီးကျောင်းနှင့် ပြည်သူပိုင်အဆောက်အဦးများကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များကို မတ်လ ၁၁ ရက်နေ့ တွင် KRU၊Demoso PDF၊ နေပြည်တော် PDF ၈၀၄ တပ်ရင်းတို့ ပါဝင်သော စနိုက်ပါတပ်ပေါင်းစုအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ နေပြည်တော် PDF ၈၀၄ တပ်ရင်း စနိုက်ပါအဖွဲ့က စစ်သား ၆ ဦးကို ရှင်းလင်းနိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။