မုံရွာတွင် ”စစ်အုပ်စုအောက် ဖိနှိပ်ခံအမျိုးသမီးများ အရေး ငါတို့အရေး” စာသားကိုင်ဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ချီတက်
ရန်ကုန်၊မတ် ၁၃
စစ်ကိုင်းတိုင်း မုံရွာမြို့ကျောက္ကာလမ်းမကြီးပေါ်တွင် မုံရွာသပိတ်အင်အားစုမှ မတ်လ ၁၃ ရက်နေ့တွင် ”စစ်အုပ်စုအောက် ဖိနှိပ်ခံအမျိုးသမီးများ အရေး ငါတို့အရေး” ဘန်နာကို ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင့်ရေးသပိတ်ချီတက်ခဲ့ကြသည်။