Khit Thit သတင်းဌာန၏ မတ် ၁၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၁၈ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– အကြမ်းဖက် စစ်ကောင်စီက သူ့တပ်သားတွေကို ကရင်နီပြည်နယ် နဲ့ ရှမ်းပြည်နယ်၊ ဖယ်ခုံဘက်ကို ရှေ့တန်းထွက်ခိုင်းတဲ့အချိန် စစ်ကောင်စီရဲ့ နမ့်စန် ခလရ ၂၄၇ တပ်က ဗိုလ်မှူး တစ်ဦး နဲ့ စစ်သည် ၂ ဦး ထွက်ပြေးသွားတယ်လို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။
– မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ စစ်ကား ၃၂ စီး ယာဉ်တန်းရဲ့ ရှေ့ပြေး မိုင်းရှင်းအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းခွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၄ ဦးပွဲချင်းသွားတယ်လို့ ဂန့်ဂေါခရိုင်တပ်ရင်း(15/16/17)-YRA ထီးလင်းရဲ့ ဦးဆောင်သူ သခင်ဇော်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– မကွေးတိုင်း၊ ရေစကြိုမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ခလရ ၂၅၆ တပ်အနီး နဲ့ ပခုက္ကူမြို့နယ် တွေမှာ ပျူစောထီးတွေဥို PDF တပ်ဖွဲ့တွေကနေ ပစ်ခတ် တိုက်ခိုက်ရာမှာ ပျူစောထီး ၄ ဦးသေပြီး သေနတ် ၅ လက်ကိုပါ သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။