26 C
Yangon

ဘန့်ဘွေးရွာတောင်ဘက်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ဝင်တိုက်၊ စစ်သား ၈ ဦးသေဆုံး၊ ကာကွယ်ရေးရဲဘော် ၁ ဦး ကျဆုံး

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၆

ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာ တောင်ဘက်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဖေဖေါ်ဝါရီလ ညနေ ၅ နာရီခန့်တွင် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၈ ဦးသေဆုံးကာ ကာကွယ်ရေးရဲဘော် ၁ ဦး ကျဆုံးသွားကြောင်း မုံရွာခရိုင် တပ်ရင်း ၂ (Chindwin Attack Force) က သတင်းထုတ်ပြန်သည်။

ဘန့်ဘွေးရွာတောင်ဘက်တွင် တပ်စွဲထားသော အင်အား ၅၀ ရှိ စစ်ကောင်စီတပ်ဖွဲ့ကို မုံရွာခရိုင် တပ်ရင်း ၂ (Chindwin Attack Force)၊ မုံရွာခရိုင် တပ်ရင်း-၃၊ တပ်ရင်း-၄နှင့် ယင်းမာပင်ခရိုင် PDF များ ပူးပေါင်း၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် တရစပ် ပြန်လည်ပစ်ခတ်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကာ ပြန်လည်ဆုတ်ခွာစဉ် မုံရွာခရိုင် တပ်ရင်း-၂ မှ တပ်ဖွဲ့ဝင် ဒေါနမောင်မောင် ကျဆုံးခဲ့ကြောင်း Chindwin Attack Force က သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article