Khit Thit သတင်းဌာန၏ မတ် ၂၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၂၀ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ တနီးလာလဲတောင်ကနေ ပြန်ဆုတ်လာတဲ့ အကြမ်းဖက် စစ် ကောင်စီတပ် စစ်ကြောင်းကို မတ်လ ၁၉ ရက်နေ့က KA နဲ့ KNDF တပ်ဖွဲ့တွေကနေ တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၃ ဦးသေပြီး ၊ လက်နက်ခဲယမ်း အမြောက်အမြားကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ KNDF တပ်ရင်း ၉ ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)တပ်ကို အကြမ်းဖက် မင်းအောင် လှိုင်ရောက်ရှိနေတဲ့အချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို စစ်ကောင်စီဘက်ကလည်း ဓာတုအဆိပ်လက်နက်နဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာ ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) ရဲ့ တပ်ရင်း ၂/၃/၄ သတင်းနှင့် ပြန်ကြား ရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာ ရွှေလုပ်ကွက်ကို စစ်ဆေးပြီး ပြန်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲ တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၄ ဦး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။