24 C
Yangon

ပူတာအိုတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်သား ၁၃ ဦးသေဆုံးကာ ၂ ဦးအရှင်ဖမ်းမိ

Must read

ပူတာအိုတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်သား ၁၃ ဦးသေဆုံးကာ ၂ ဦးအရှင်ဖမ်းမိ

ရန်ကုန် ၊ မတ် ၂၀

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KIA ၊PDF ပူးပေါင်း တပ်ဖွဲ့ တို့အကြား တိုက်ပွဲ ၃ ကြိမ်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၃ ဦးသေဆုံးကာ ၂ ဦးအရှင်ဖမ်းမိခဲ့ကြောင်း ပူတာအို PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်​ခေတ်သစ်သို့ ​​ပြောဆိုသည်။

မတ်လ ၁၈ ရက်​နေ့ နံနက် ၇ နာရီခန့်အချိန် ပူတာအိုမြို့မှ အကြမ်းဖက် စစ်သား၅၀ ခန့်ဖြင့် ၃ နေရာခွဲပြီး စစ်ကြောင်းထိုးလာရာ ဒန်ဂျာအင်ခေါ်ခ (ချောင်းခြောက်) ရွှေမှော်လမ်းတွင် တစ်ကြိမ်၊ ဝဒတ်ကျေးနှင့် တန်ဂျာကျေးရွာအကြားတွင် တစ်ကြိမ် ၊ ညနေ ၄ နာရီခန့်တွင် တစ်ကြိမ် စုစုပေါင်း တိုက်ပွဲ (

၃ ကြိမ်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၃ ဦး သေဆုံး ကာ ၂ ဦးအရှင်ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရွာနဲ့နဲနဲအလှမ်းဝေးတဲ့နေရာတွေမှာဖြစ်တာပါ၊ တပ်စု တစ်စုကို ၅၀ လောက်စီနဲ့ ၃ နေရာခွဲပြီး လှုပ်ရှား လာတာ၊ ပူတာအိုမှာက အထိုင်နဲ့ဆိုရင် စစ်သား အင်အားက ၄၀၀ လောက်တော့ရှိနိုင်တယ်၊ စစ်သား ၁၃ ဦးသေပြီး ၂ ဦးအရှင်ဖမ်းမိခဲ့တာ” ဟု ပူတာအို PDF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article