30 C
Yangon

မကွေးမြို့တွင် လျှပ်စစ်ဝန်ကြီးဌာနမှ Non-CDM ညွှန်ကြားရေးမှူးနှင့်ဇနီးကို စစ်တပ်က အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်မှု ၁ ဦးဒဏ်ရာရ ၊ ဝန်ကြီးဌာန အစီရင်ခံစာတွင် PDF က ပစ်ခတ်သည်ဟု လိမ်လည်တင်ခိုင်း

Must read

မကွေးမြို့တွင် လျှပ်စစ်ဝန်ကြီးဌာနမှ Non-CDM ညွှန်ကြားရေးမှူးနှင့်ဇနီးကို စစ်တပ်က အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်မှု ၁ ဦးဒဏ်ရာရ ၊ ဝန်ကြီးဌာန အစီရင်ခံစာတွင် PDF က ပစ်ခတ်သည်ဟု လိမ်လည်တင်ခိုင်း

ရန်ကုန်၊ မတ် ၂၁

မကွေးတိုင်း၊ မကွေးမြို့တွင် လျှပ်စစ်ဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင် အထည် ဖော်ရေးဦးစီးဌာနမှ Non-CDM ညွှန်ကြားရေးမှူး နှင့် ဇနီးကို စစ်တပ် က အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်သဖြင့် ညွှန်ကြားရေးမှူး၏ ဇနီးဖြစ်သူ ခြေထောက်တွင် ဒဏ်ရာရရှိကြောင်း မကွေးတိုင်းစစ်ကောင်စီ သတင်းရင်းမြစ် များထံမှ သိရှိရသည်။

မတ်လ ၁၉ ရက်နေ့ ည ၈ နာရီ အချိန် ရေအားလျှပ်စစ်အကောင်အထည် ဖော်ရေး ဦးစီးဌာနမှ Non-CDM ညွှန်ကြားရေးမှူး နှင့်ဇနီးသည် ဝန်ကြီးဌာန၏ တာဝန်ဖြင့် ခရီးသွားစဉ် မကွေးမြို့ဂိတ်ကို ဖြတ်သန်းကြောင်း၊ စစ်သားများက ကားကို တားဆီးသဖြင့် ရပ်ပေးကြောင်း၊ ယင်းနောက် စစ်ဆေးမှုကို ခံယူပြီး ပြန်လည် ထွက်ခွာစဉ် စစ်တပ်က သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ် ခြင်း ဖြစ်ကြောင်း၊ ပစ်ခတ်မှုကြောင့် ဦးဇော်မင်းစံ၏ ဇနီးတွင် ခြေထောက် ကျည်ထိ မှန် ဒဏ်ရာရရှိကြောင်း သိရှိရသည်။

” ညွှန်ကြားရေးမှူး ဇနီးရဲ့ ခြေထောက်ကို သေနတ်မှန်တယ်။ စစ်ဆေးရေး ဂိတ် က အထွက်မှာ အပစ်ခံရတာ။ အဲ့ဒါကို PDFက ပစ်တာပါလို့ Reportရေး ခိုင်း တယ်။ ကားရပ်ပေးတယ်။ အစစ်ဆေးလည်းခံတယ်။ ပစ်ချင်လို့ကို ပစ်တာ။ နောက် မှ ဌာနဆိုင်ရာ ညွှန်ကြားရေးမှူး မှန်းသိတော့ ဌာနဆိုင်ရာ ဆိုတာ က ဖြစ်စဥ်ကို ဝန်ကြီးဆီ Reportတင်ရတာ။ Reportကို လိမ်ပြီးတင်ခိုင်းတာ။သတင်း ကိုဖုံးဖိထားခိုင်းတာ” ဟု မကွေးတိုင်းစစ်ကောင်စီ သတင်းရင်းမြစ်က ပြောသည်။

မကွေးမြို့အတွင်းရှိ စစ်ဆေးရေးဂိတ်များမှ စစ်သားများ က ညအချိန် သောက် စားမူးယစ်ပြီး ပြည်သူများကို ရမ်းကား ပစ်ခတ်မှုများ၊ ရိုက်နှက် ဖမ်းဆီးမှုများ လုပ်ဆောင်လေ့ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- မကွေးမြို့ပေါ်ရှိ မြို့အဝင် စစ်ဆေးရေးဂိတ်ကို မကွေးတိုင်း စစ်ကောင် စီ ဥက္ကဋ္ဌ တင့်လွင် ယမန်နှစ် ဇူလိုင်လ အတွင်း သွားရောက်စစ်ဆေးစဉ်။ (ပုံအဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article