31 C
Yangon

မုံရွာတွင် နိုင်ငံရေးပုဒ်မ ဖြင့် တရားစွဲခံရသူများ မိသားစုများကို တရားသူကြီး နှင့် တရားရုံးက အမှုသက်သာလိုလျှင် ငွေပေးရမည်ဟုဆိုကာ အကျပ်ကိုင် ငွေ တောင်း၊ ငွေပေးသော်လည်း အမှု မသက်သာခဲ့

Must read

မုံရွာတွင် နိုင်ငံရေးပုဒ်မ ဖြင့် တရားစွဲခံရသူများ မိသားစုများကို တရားသူကြီး နှင့် တရားရုံးက အမှုသက်သာလိုလျှင် ငွေပေးရမည်ဟုဆိုကာ အကျပ်ကိုင် ငွေ တောင်း၊ ငွေပေးသော်လည်း အမှု မသက်သာခဲ့

ရန်ကုန် ၊ မတ် ၂၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ တရားလွှတ်တော် ရှေ့နေတချို့နှင့် စစ်ကောင်စီခန့် တရား သူကြီးများနှင့် ပေါင်း၍ နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲခံထားရသော တက်ကြွ လှုပ်ရှားသူများ၏ မိသားစုများထံမှ လာဘ်ငွေများ တောင်းခံလျက် ရှိကြောင်း ငွေကြေးတောင်းခံရသည့် နိုင်ငံရေးအကျဉ်းသားတချို့၏ မိသားစု ဝင်များက ပြောကြားသည်။

နိုင်ငံရေးသမား အမှုသည်များကို ပြစ်ဒဏ်နှစ်နည်းရန် (သို့မဟုတ်) စွဲချက်တင် သည့်အခါ ပုဒ်မပြောင်းလဲရန် တရားသူကြီးများကို လာဘ် ငွေပေးရန် တရားရုံး ဝန် ထမ်းများနှင့်ရှေ့နေတချို့ ပြောဆိုစည်းရုံးမှု များလုပ်ဆောင်နေခြင်း ဖြစ် ကြောင်း သိရှိရသည်။

“တရားသူကြီး၊ ဥပဒေအရာရှိ၊ ရဲတွေကို ပေးဖို့ဆိုပြီး ငွေတောင်းတယ်။ လက်ရှိ တရားစွဲထားတဲ့ ပုဒ်မတွေကနေ တခြားပုဒ်မပြောင်းဖို့လည်း ပါတယ်။ အမိန့် ချတဲ့ အခါ ပြစ်ဒဏ်နည်းအောင် လို့လည်း ပါတယ်။ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ကြားပွဲစား အနေနဲ့ ငွေတောင်းနေတာပဲ” ဟု ငွေကြေးတောင်းခံရသည့် အမှု သည်တစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောဆိုသည်။

ထိုသို့ လာဘ်ငွေတောင်းခံရသည့် နိုင်ငံရေးသမား အမှုသည်မှာ ၁၀ ဦးဝန်းကျင် ခန့် ရှိပြီး ငွေကြေးတတ်နိုင်သူ အချို့ ငွေပေးခဲ့ကြကြောင်း၊ သို့ရာတွင် တရားရုံး တွင် စွဲဆိုထားသော ပုဒ်မပြောင်းလဲခြင်းများ မရှိဘဲ ၊ ထောင်ဒဏ်များကိုလည်း နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခံရကြောင်း၊ တရားခွင်တွင်လည်း တရားသူကြီး များက အမှုသည်များ၏ ငွေကြေးတတ်နိုင်မှုပေါ်မူတည်၍ ခွဲခြားဆက်ဆံမှုများ လည်း ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article